Press "Enter" to skip to content

ရန်ကုန်တိုင်းလှည်းကူးမြို့နယ်တွင် မြန်မာအာဏပိုင်များက လူကုန်ကူးခံရသော တိုင်းရင်းသားရိုဟင်ဂျာ၄၉ဦးအား ဖမ်းဆီးခဲ့ကြောင်းRFAမှပြောကြား

၂၀၂၀ခုနစ်၊ ဖေဖော်ဝါရီလ၁၉ရက်နေ့တွင် မြန်မာအာဏပိုင်များက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ လူကုန်ကူးခံရသော ရိုဟင်ဂျာ၄၉ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ၎င်းဒေသခံတိုင်းရင်းသားရိုဟင်ဂျာ၄၉ဦးဟာ ရန်ကုန်-နေပြည်တော်အဝေးပြေးလမ်းမကြီး မိုင်တိုင်(၂၅မိုင်၆ဖာလုံ)အနီးရှိ စာဘူးတောင်းကျေးရွာအုပ်စု သျှစ်ကုန်းရွာနဲ့ ၃ဖာလုံအကွာ တောထဲက အနက်ပေ၂၀၀ခန့်ရှိတဲ့ လျှိုထဲမှာ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာ၄၉ဦးထဲမှာ အမျိုးသား၁၈ဦး၊ အမျိုးသမီး၂၈ဦးနဲ့ ကလေး၃ဦးတို့ ပါဝင်ပြီး ၄င်းတို့က ရခိုင်ပြည်နယ် ကျောက်ဖြူ၊စစ်တွေ၊မင်းပြားနဲ့ ဘူးသီးတောင်တို့မှလာရောက်ပြီး မလေးရှားဘက်သို့ လူကုန်ကူးခံရတာပဲဖြစ်ပါတယ်။ ထိုသူများကိုမကြာမီ ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရခိုင်ပြည်နယ်ဇာတိမြေရှိ တိုင်းရင်းသားရိုဟင်ဂျာများဟာ အလွန်တင်းကြပ်သော ကန့်သတ်ချက်များနဲ့ကြုံတွေ့နေရုံသာမက ဒေသခံသူပုန်များနဲ့စစ်အစိုးရတပ်များကြား အပြန်လှန်ပစ်ခတ်သော တိုက်ပွဲများကြားတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုမှုများကို လက်လှမ်းမှီမှုနည်းပါးလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်တစ်သန်းခန့်ဟာ အလွန်ဆိုးရွားတဲ့အခြေနေများ၌ နေထိုင်နေရပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ရှာဖွေနိုင်ရန်သူတို့၏အသက်များကိုပါ စွန့်စားလာကြပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.