Press "Enter" to skip to content

လှေစီးဒုက္ခသည်တိုင်းရင်းသားရိုဟင်ဂျာ၄၈ဦးအားမြန်မာရေတပ်မှဖမ်းဆီး

ဖေဖော်ဝါရီလ၁၄ရက်နေ့တွင် ဧရာဝတီတိုင်းပုသိမ်ကမ်းရိုးတန်း၌ စစ်အစိုးရဲ့လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ၄၈ဦးကိုမြန်မာရေတပ်မှဖမ်းဆီးခဲ့တယ်လို့ AFPမှဒေသခံအရာရှိတစ်ဦးရဲ့သတင်းများအရသိရပါတယ်။

RVisionသတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုအရ ၎င်းအုပ်စုမှာမလေးရှားနဲ့အင်ဒိုနီးရှားသို့ထွက်ခွာလာရာလမ်းကြောင်းတွင် အဖမ်းခံထားရသောအခြားအုပ်စုများထဲမှတစ်ဖွဲ့ဖြစ်ပြီး တချို့သောအဖွဲ့မှာပြီးခဲ့တဲ့လများအတွင်း၎င်းတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိခဲ့ကြပါတယ်လို့သိရပါတယ်။

အဖမ်းခံထားရတဲ့ရခိုင်ပြည်နယ်မှ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာများက ၎င်းတို့ကိုIDPလို့ခေါ်တဲ့ပြင်ပထောင်များဒါမှမဟုတ်သော့ခတ်ပြီးထားတဲ့ထောင်များသို့ပို့ခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေကြပေမဲ့လည်းတချို့ထောင်ချခံရသောတိုင်းရင်းသားရိုဟင်ဂျာများကိုတော့ ၎င်းတို့ရဲ့နေအိမ်များသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

လူမျိုးတုန်းအသတ်ခံရမှုမှ လွတ်မြောက်ရန်ကြိုးစားနေရရှာတဲ့ တိုင်းရင်းသားရိုဟင်ဂျာများအပေါ်လူကုန်ကူးသူတို့ရဲ့ခေါင်းပုံဖြတ်လှည့်ဖြားမှုကြောင့် ယခုအပတ်အတွင်းထိခိုက်သေဆုံးမှုများဖြစ်ပွားမှုဟာ နှစ်ကြိမ်မြောက်ဖြစ်နေပြီးပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း စိန့်မာတင်ကျွန်းအနီးဒုက္ခသည်ရိုဟင်ဂျာပေါင်း၁၄၀ကို သယ်ဆောင်လာသောလှေတိမ်းမှောက်ကာ အနည်းဆုံး၁၆ဦးသေဆုံးခဲ့ရပါတယ်။

ယခင်အာဏပိုင်များက လူကုန်ကူးခံခဲ့ရသောတိုင်းရင်းသားရိုဟင်ဂျာများကို ဖမ်းဆီးခဲ့ပြီးထိုအဖွဲ့ထဲမှ၂၂ဦးကိုထောင်၂နှစ်စီချခဲ့ပြီး ၂၀၀နီးပါးကို IDPစခန်းများသို့ပို့ခဲ့ကာ ၉၅ဦးမှာမူ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုရဲ့ရလဒ်ကိုမကြားသိရသေးဘူးလို့လည်းသိရပါတယ်။

ဒေသခံတိုင်းရင်းသားရိုဟင်ဂျာများဟာ ၎င်းတို့ဇာတိမြေတွင်အလွန်တင်းကြပ်သော ကန့်သတ်ချက်များကြုံနေရပြီးဒေသခံသူပုန်များနဲ့အစိုးရစစ်တပ်များကြား ပစ်ခတ်သောတိုက်ပွဲများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများဆုံးရှုံးနေရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာဒုက္ခသည်တစ်သန်းခန့်ဟာ အလွန်ဆိုးရွာသည့်အခြေနေများနဲ့ရင်ဆိုင်တွေရကြုံနေထိုင်နေရပြီး အချို့သူများမှာပိုမိုကောင်းမွန်တဲ့ဘဝကို ရှာဖွေရန်အတွက်ခက်ခက်ခဲခဲအသက်ကို စွန့်စားမှုများပြုလုပ်နေကြတာပဲဖြစ်တယ်လို့သိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.