Press "Enter" to skip to content

လှေတိမ်းမှောက်ကာရိုဟင်ဂျာဒုက္ခသည်များစွာပျောက်ဆုံးနေပြီး (၁၅)ဦးသေဆုံး

ပြီးခဲ့တဲ့အင်္ဂါနေ့တငွ် ရိုဟင်ဂျာဒုက္ခသည်ပေါင်း၁၃၀လိုက်ပါလာတဲ့လှေဟာ ဘင်္ဂလားပင်လယ်အော်အတငွ်းမလေးရှားနိုင်ငံသို့ ထက်ခွာလာစဉ်တိမ်းမှောက်ခဲ့ကာ ရိုဟင်ဂျာဒုက္ခသည်များစာပျောက်ဆုံးနေပြီး၁၅ဦးသေဆုံးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှိကမ်းစောင့်ရဲတစ်ဦးမှ အတည်ပြုပြောကြားခဲ့ကြောင်းသိရပါတယ်။

အင်္ဂါနေ့မနက်အ စောပိုင်းတငွ် ဘင်္ဂလားဒေ့ရှိနိုင်ငံဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ထက်ွပြေးရန်ကြိုးစားနေတဲ့ဒုက္ခသည်များပါတဲ့ ၄င်းစက်လှေမှ၇၃ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ လူ၅၀ပဲဆန့်တဲ့လှေထဲမှာလူ၁၃၀ကိုခေါ်ဆောင်လာတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း၊ပျောက်ဆုံးနေတဲ့လူတေကွို အသက်ရှင်လျက်ပြန်တေ့နွိုင်ခြေနည်းသောလဲ ဆက်လက်ရှာဖေမွှာဖြစ်ကြောင်းဟမီဒူလ်အစ္စလမ်မှ ပြောပြခဲ့ပါတယ်။ အခုလိုခရီးသည် အရတေက်ွအတိုင်းတင်ဆောင်လာတဲ့ဒုတိယစက်လှေတစ်စီးလည်းတချိန်တည်း ထက်ခွာလာခဲ့တာဖြစ်ပြီး ယခုထိရှာမ တေ့ဘွူးလို့ပြောပြခဲ့ပါတယ်။

ကယ်ဆယ်ခံခဲ့ရတဲ့ အမျိုးသမီးများထဲမှရဂူမားအခ်သာက သူမယောက်ကျားဟာ မလေးရှားထက်ွသားတွာ၅နှစ်ရှိပီဖြစ်ကြောင်း၊ သူမကယောက်ကျားနဲ့အတူဘဝကိုကောင်းကောင်းဖြတ်သန်းချင်လို့ ၄င်းစက်လှေနဲ့လိုက်ပါလာခဲ့တာဖြစ်ကြောင်း မီဒီယာကိုပြောပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်အစွန်ရှိ “စိန့်မာတင်”ကျွန်းနီးတွင်ဘင်္ဂလားဒေ့ရှ်ရေတပ်သဘောင်္နှစ်စင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ခဲ့ပါတယ်။

အမျိုးသမီး၄၆ယောက်၊ အမျိုးသား၂၄ယောက်နှင့်ကလေး၃ယောက်တို့ကို ကယ်ဆယ်နိုင်ခဲ့ပြီးသေဆုံးသူအများစုမှာအမျိုးသမီးများနှင့်ကလေးများဖြစ်တယ်လို့သိရပါတယ်။

၂၀၁၇ခုနစ်တွင်ဗမာစစ်တပ်က ဒေသခံတိုင်းရင်းသားရိုဟင်ဂျာမွတ်စလင်မ်တွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုကိုပေါ်ပေါ်တင်တင်ကျုးလွန်လာတာကြောင့် ရိုဟင်ဂျာမွတ်စလင်မ်၇၃၀၀၀၀ကျော်မှာမိမိတို့ဘိုးဘွားပိုင်မြေတွေကိုစွန့်ခွာပြီးအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုဖြစ်သောမြန်မာနိုင်ငံဟာရိုဟင်ဂျာများတွေအပေါ်ဗမာစစ်တပ်ကလူမျိုးတုံးသတ်ဖြတ်ဖို့ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေးပြုလုပ်ခဲ့တယ်ဆိုတဲ့ UN ရဲ့စွတ်စွဲချက်များကိုငြင်းဆန်ခဲ့ပါတယ်။

ကြော်ငြာချက်တခုတွင် “Save the Children “အဖွဲ့ကအင်္ဂါနေ့မှထိုဝမ်းနည်းဖွယ်အဖြစ်ပျက်ကို”နိုးထဖုန်းခေါ်ခြင်း” ဟုခေါ်ဆိုခဲ့ပြီးရိုဟင်ဂျာဒုက္ခသည်များဟာ မိမိတို့နေရပ်သို့လုံခြုံစွာသိက္ခာရှိရှိပြန်နိုင်ရေးအတွက် လိုအပ်တာများကိုလုပ်ဆောင်ရန်မြန်မာအစိုးရကို တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတွင် ရိုဟင်ဂျာဒုက္ခသည်၁၂၂ဦးလိုက်ပါလာတဲ့လှေဟာ ဘင်္ဂလားပင်လယ်အော်အတွင်းစက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့ရာ ကမ်းခြေစောင့်တပ်များက ကယ်ဆယ်ခဲ့တယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြီးလျှင်မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၁၀၀၀၀၀ကျော်နေထိုင်ရာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ် ။ရခိုင်ပြည်နယ်ဒေသတွင်နယ်ခြားစောင့်ရဲ့များ၊ စစ်သားများရဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုမခံရပ်နိုင်ခြင်းကြောင့် ပင်လယ်ပြင်ငြိမ်လေ့ရှိတဲ့နိုဝင်ဘာလမှမတ်လအတွင်း လူကုန်ကူးသူတို့ရဲ့လှည့်စားမှုဖြင့်  ရာနဲ့ချီတဲ့ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံသို့သွားရောက်ရန်ကြိုးပမ်းလျက်ရှိရာ အချို့သူတွေဆိုရင်မှောင်ခိုသမားများကို ပိုက်ဆံပေးကာစာရွက်စာတမ်းအတုများပြုလုပ်ပြီး သွားရောက်ရန်ကြိုးစားနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းဘင်္ဂလားဒေ့ရှိ အာဏပိုင်များကမိန်းကလေးငယ်လေးများအပါအဝင် ရိုဟင်ဂျာ၆၀၀ကျော်အားအန္တာရာယ်ရှိတဲ့ ပင်လယ်ခရီးစဉ်များမသွားရန်တားဆီးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးနှင့်လူကုန်ကူးသူ၇ဦးသည်ဒုက္ခသည်စခန်းမှရဲများနဲ့ပဋိပက္ခအတင်းဆုံးခဲ့တယ်လို့သိရပါတယ်။

ဒုက္ခသည်စခန်းမှရဲတပ်ကြပ်ကြီးအက်ဘရ်ဟူစိန်က “ကျွန်တော်တို့ကလူကုန်ကူးမှုတားဆီးမှုကိုဆက်လက်လုပ်ဆောင်နေတယ်လို့လဲ” ပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.