ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ မဒရ်ဆာပညာရေးဘုတ်အဖဲ့တွငွ် ပညာရေးဌာနမှ ကျောင်းသား ၉၂ဦးအပါအဝင် ကုရ်အာန်ကျမ်းတော်မြတ်ကို အလတ်ွကျက်မှတ်အောင်မြင်ခဲ့တဲ့ ဟာဖိဇ်ကျောင်းသားအယောက်၁၆၀အားဘဲ့မျွား ပေးအပ်ခြင်းအခမ်းအနားကို ပထမဦးဆုံးအကြိမ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
၎င်းအခမ်းအနားကို၂၀၂၀ခုနစ်၊ဖေဖေါ်ဝါရီလ၇ရက်၊ ဘလူခါလီ(၁)၊ ဒုက္ခသည်စခန်းအမှတ်(၉)၊ဘလော့ခ်ဂျီ(၁၈)ရှိ ဘုတ်အဖွဲ့ရဲ့ဌာနချုပ်တင်ွပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသစ်တည်ထောင်လိုက်တဲ့ “ဝီဖာခ်အာလ်မာဒါရိစ်အာလ်အာရဗီအာလ်ရိုဟင်ဂျာ”လို့လူသိများသောပညာရေး ဘုတ်အဖွဲ့ဟာ မဒရ်ဆာ၉၂ ကျောင်းကိုဦးဆောင်ဖငွ့်လှစ်လိုက်တယ်လို့ သိရပါတယ်။ဘုတ်အဖဲ့ဒွါရိုက်တာအနီစူလ်မတ်ွစ်တဖာရဲ့ ပြောကြားချက်အရ ၄င်းကျောင်းများဟာ ဒုက္ခသည်စခန်းများရဲ့ နေရာစုံမှာရှိပြီးစေတနာ့ဝန်ထမ်းဆရာများနဲ့ ကျောင်းသားထောင်ပေါင်းများစွာတို့ရဲ့ နေထိုင်ရာနေရာတခုလည်းဖြစ်လာတယ်လို့သိရပါတယ်။
RVision သတင်းဌာနမှ မတ်ွစ်တဖာကိုတေ့ဆွုံမေးမြန်းရာမှာတော့ “ပြီးခဲ့တဲ့စာသင်နှစ်အတငွ်းမဒရ်ဆာခုနှစ်ခုမှ နောက်ဆုံးနှစ်ကျောင်းသားပေါင်း၁၂၀ဟာ မတူညီတဲ့စင်တာလေးခုမှာပြုလုပ်တဲ့ စာမေးပဲတွင်ွပါဝင်ခဲ့ကြပြီးကျောင်းသား၉၂ဦးရဲ့ဘဲ့လွိုအပ်ချက်တေကွို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကုရ်အာန်ကိုအာဂုံဆောင်နိုင်တဲ့ကျောင်းသား၁၆၀ရှိပြီး လာမဲ့စာသင်နှစ်တငွ် စာသင်ကျောင်းပေါင်း၁၃၆ခုခန့်က ဘုတ်အဖဲ့ဝွင်ဖြစ်လာမယ်လို့လည်းမျှော်လင့်ကြောင်းပြောပြပါတယ်။ ဝီဖာခ်လက်အောက်ရှိကျောင်းများဟာ တူညီတဲ့သင်ရိုးညွှန်းတမ်း၊ နည်းလမ်းများ၊ စည်းကမ်းများကိုလိုက်နာသင်ကြားရမှာဖြစ်ပါတယ်။ ၄င်းကျောင်းများမှ သင်ရိုးများကိုဒါးဇ်-အီနီဇမီလို့ခေါ်ပြီး၁၈ရာစုတငွ် အိန္ဒိယတိုက်ငယ်မှဆင်းသက်လာကာ ဒါရုလ်အူလုမ်ဒီအိုဘန္ဒ်အပါအဝင် ၄င်းရဲ့ရိုးရာအစ္စလာမ်အဖဲ့အွစည်းများမှာအသုံးပြုပါတယ်။
ဒါးဇ်-အီနီဇမီဟာအများအားဖြင့် ဘာသာရေးသိပ္ပံဘာသာရပ်များဖြစ်သောကုရ်အာန်နဲ့ကုရ်အာန်ရဲ့ရှင်းလင်းချက်များ၊ဟာဒီးဇ်နဲ့၎င်းရဲ့နိယာမများ၊ဥပဒေနှင့်မူများ၊ယုတ္တဗေဒ၊တေွး ခေါ်မှုဆိုင်ရာဘာသာရပ်၊စကားလုံးဖဲ့မွှု၊ ဝါကျဖဲ့ထွုံး၊ရသစာပေ၊ဋီကာများ၊ဘာသာရေးယုံကြည်ချက်များ၊တမန်တော်မြတ်ရဲ့အတ္ထုပ္ပတ္တိဟောပြောခြင်းအတတ်ပညာတို့ပါဝင်ပါတယ်။
၎င်းဟာ၁၂နှစ်သင်တန်းဖြစ်ပြီး ဖတ်စာအုပ်များတငွ် အများအားဖြင့်အာရဗီဘာသာဖြင့်ရေးသားထားပါတယ်။ဒါပေမဲ့သင်ကြားတဲ့အခါမှာ အိန္ဒိယဒါရုလ်အူလုမ်ဒီအိုဘန္ဒ်အိုင်းရိုဟင်ဂျာနှင့်အူရ်ဒူဘာသာစကားများဖြင့် သင်ကြားလျက်ရှိပါတယ်။ အနီစူလ်မွတ်စ်တဖာက “ကျွန်တော်တို့မှာအရင်းအမြစ်များအကန့်အသတ်နဲ့ရှိနေပါကြောင်း၊ ဒါပေမဲ့လည်းမျိုးဆက်သစ်များအတကွ် တရားဝင်ပညာရေးစနစ်မရှိပါက စခန်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ကလေးများနှင့်လူငယ်များဟာ မူးယစ်ဆေးရောင်းဝယ်သူများ၊ အစနွ်းရောက်အတေးသွမားများ၊ လူကုန်ကူးသူတို့ရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုတို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုဘဝသာမက နောင်ဘဝနဲ့ပါဆိုင်တဲ့စစ်မှန်သောအသိပညာအားသူတို့ကိုပေးနိုင်ရန်ကြိုးစားနေကြပါတယ်”လို့ပြောပါတယ်။
၂၀၂၀ခုနစ်မှစကာ မြန်မာအစိုးရကမဒရ်ဆာနဲ့ဗလီဝတ်ကျောင်းများအားလုံးကို ပိတ်ခဲ့ရုံတင်မက မတ်ွစလင်ကျောင်းသားများကိုပြည်သူပိုင်ကျောင်းများတငွ် ပညာသင်ကြားခငွ့်ကိုလည်းပိတ်ပင်ထားခဲ့သည်။ မကြာသေးမီကဒုက္ခသည်စခန်းများတငွ် ဘဲ့ရွရှိခဲ့တဲ့ကျောင်းသားများမှာ အစိုးရ ကျောင်းများတငွ်၂၀၁၂ခုနစ်ပညာသင်ကြားခငွ့်ကို အစိုးရကိုယ်တိုင်ပိတ်ထားခြင်းနဲ့၂၀၁၆ခုနစ်နဲ့နောက်ပိုင်းတငွ် လူမျိုးတုန်းသတ်ဖြတ်မောင်းထုတ်ခြင်းများကြောင့်ကျောင်းမပြီးသေးတဲ့ ကျောင်းသားများဖြစ်ကြပါတယ်။ ဆက်လက်ပြီးလူမျိုးတုံးသတ်ဖြတ်မှုနှင့် အခြားသောကန့်သတ်ချက်များကြောင့် ရခိုင်ပြည်နယ်ရှိဒေသခံတိုင်းရင်းသားရိုဟင်ဂျာတို့ရဲ့လူမျိုးရေး၊ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာလက္ခဏာများကို ထိန်းသိမ်းရန်အတက်ွမဒရ်ဆာဟုသိကြတဲ့ပုဂ္ဂလိကပညာရေးစနစ်ဟာ အလန်ွအ ရေးပါသော အခန်းကဏ္ဏတင်ွပါဝင်လာခဲ့ပြီး ၄င်းကျောင်းများဟာအစိုးရဖက်မှအထောက်ပံ့များကိုမရတဲ့အပြင် အစိုးရရဲ့ရန်လိုမှုနဲ့အစ္စလာမ်မုန်းတီးရေးများကိုပါကာကယ်ွလာခဲ့ရတဲ့ကျောင်းဖြစ်တယ်လို့သိရပါတယ်။