ဇန်နဝါရီလ(၃၁)ရက်နေ့တငွ် တိုင်းရင်းသားရိုဟင်ဂျာအမျိုးသမီး(၂)ဦးသည် ၎င်းတို့၏အိမ်ကြမ်းပြင်၌်လဲလျောင်းနေစဉ် အော်ဟစ်အကူအညီတောင်းနေသံနဲ့အတူ အခြားသော ရွာသူ ရွာ သား များရဲ့”AAစစ်တပ်မှထိုနေအိမ်များမှ အမျိုးသမီးနှစ်ဦးတို့ကို အဓမ္မ ပြုကျင့် နေတယ်လို့”အော်ဟစ်ပြောဆိုမှုများပါဝင်သော ဗီဒီရိုထက်ွပါ်လာခဲ့ပါတယ်။
RVisionမှထိုအဖြစ်ပျက်ကို အတည်ပြုနိုင်သောရွာသူရွာသားများနှင့် ဆက်သယ်ွနိုင်ခဲ့သော်လည်း မတရားခံခဲ့ရ သော မိသားစုများအား တိုက်ရိုက်ဆက်သယ်ွနိုင်ခဲ့ခြင်းမရှိပါ။ အဆိုပါဖြစ်ရပ်သည် ၂၀၂၀ခုနစ်၊ဇန်နဝါရီလ(၃၁)ရက ၊်သောကြာနေ့ ည နေ ၅နာရီဝန်းကျင်ခန့်တငွ် ဘုရားပြင်သိန်းတန်(မတ်ွစလင်ကျေး ရွာ)တင်ွဖြစ်ခဲ့ကြောင်း ရွာသားများ၏သတင်းပေးပို့ချက်အရ သိရပါတယ်။
သေနတ်နှင့်လက်နက်ကိုင်ဆောင်ထားသည့်AAလက်နက်ကိုင်အဖွဲ့ဝင်၅ဦးခန့်သည် ရွာကိုဝင်ရောက်စီးနင်းကာ အချို့အိမ်များကိုဖောက်ခဲဖျွတ်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။အထက်ပါကျေးရွာမှ အဓမ္မ ပြုကျင့်ခံခဲ့ရ သူနှစ်ဦးမှာ ဦးယူနွစ်၏သမီးဖြစ်သူမ …………၊အထက်ပါကျေး ရွာ မှဟာဘိဗ်အာဟ်မက်၏ သမီးဖြစ်သူ မ……………၊တို့ဖြစ်ကြပါတယ်။ ဒါ့အပြင် ထိုလက်နက်ကိုင်အဖဲ့သွည်ဦးဘရှီးရ်အလီ၏သား ရူကုရ်နှင့် ဆယ်အိမ်အကြီးအကဲများဖြစ်သော ဦးဟူစိန်၏သားစမူးတို့ကိုလည်း နှိပ်စက်ညှင်းပန်းခဲ့တယ်လို့ သိရပါတယ်။
ရခိုင်သူပုန်များသည်ရွာများရှိ တိုင်းရင်းသားရိုဟင်ဂျာများအား အမြဲတမ်းနှောင့်ယှက်ခြင်း၊ ၎င်းတို့၏လှုပ်ရှားမှုများကို ဟန့်တားကန့်သတ်ခြင်းနှင့်ရံဖန်ရံခါဖမ်းဆီးခံထားရသူများကိုပြန်ေ ရွးငေမျွား တောင်းခံခြင်းများ ပြုလုပ်တယ်လို့သတင်းရရှိပါတယ်။ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှ တိုင်းရင်းသားရိုဟင်ဂျာများအ ပေါ် ရခိုင်သူပုန်များ၏ ရက်စက်ယုတ်မာမှုများသည် မြန်မာစစ်တပ်နှင့်ထပ်တူညီတယ်လို့ ဒေသခံရိုဟင်ဂျာများကRVision သို့ဖငွ့်ဟညည်းညူးခဲ့ပါတယ်။