Press "Enter" to skip to content

ရဲတပ်ကြီး ဦးလှမြင့် မှ မောင်တော မြို့ နေသူတိုင်းရင်းသားများအား “ငါက လိုင်စင်ရ ဓားမြ”ဟုပြောကြား”

ရခိုင်ပြည်နယ်၊မောင်တောနယ်မြေ ၌ စစ်အာဏာပိုင်များ အာဂတိလိုက်စားမှုကို အရေးယူခြင်းလုံးဝမရှိတဲ့ အတကွ် ယခုမောင်တောမြို့မှာ တပ်ကြပ်ကြီးလှမြင့်ဆိုသူကမောင်တောမြို့နယ်တင်ွနေထိုင်တဲ့ဒေသခံတိုင်းရင်းသားရိုဟင်ဂျာတေကွို”ငါက လိုင်စင်ရဓားမြ”လို့ ဂုဏ်မောက်စွာပြောဆိုခဲ့ပါတယ်။

၎င်းသူအားအထက်အာဏာပိုင်များကတာဝန်ပေးအပ်ထားခြင်းလည်းမရှိပဲမိမိစိတ်မိမိသဘောနဲ့ မောင်တောနေ ဒေသခံရိုဟင်ဂျာများအား မြို့လယ်ခေါင်တင်ွညှင်းပန်းနှိပ်စက်အရှက်ခွဲခြင်း၊ ငေညွှစ်ခြင်းများပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက RVision  သို့သတင်းပေးပို့ခဲ့ပါတယ်။ဒေသခံရိုဟင်ဂျာများပြောပြချက်အရ ၂၀၂၀ခုနစ် ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်၁၀နာရီခန့် မြို့နာရ်ီစင် ရှေ့တငွ် ငေညွှစ်ခဲ့တယ်လို့ နောက်ဆုံးသတင်း ရရှိထားပါတယ်။

မြို့မ ကညင်တန်း နေ အသက်၃၀ခန့်ရှိ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာတစ်ဦးဖြစ်သူ အာဘူကာလာ(ခေါ်)လာလိုင်ယာသည်ဆိုင်တစ်ဆိုင်တငွ်၎င်းရဲ့အပြာရောင်(သဲ၊ကျောက်၊ဘိလပ်မြေ)တင်ယာဉ်ကား(Liffan)ကိုဓာတ်ဆီဖြည့်ပြီးကားနောက်ဆုတ်ခဲ့ရာအဆိုပါခရိုင်ရဲတပ်ကြပ်ကြီးဦးမြင့်မောင်းသောအဖြူရောင်ကား(NOHA)သည်လည်းနောက်မှ မောင်းနှင်လာရာ၌အဆိုပါကား၏နောက်ဆုတ်မှုကြောင့်တပ်ကြပ်၏ကားရှောင်မောင်းခဲ့ရသည့်အတက်ွကားမောင်းသူကိုကားနဲ့အတူရဲစခန်းသို့ ခေါ် ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင်ကားမောင်းသူကိုလဲ လမ်းတငွ် ဆူပူကြိမ်းမောင်း စော်ကား ပြောဆိုမှုများ  ပြုလုပ်တဲ့အပြင် မြို့မ အ နောက်ရပ်ကက်ွနေ  ကားပိုင်ရှင် ဦးအုစ်မာန်(ဘ)ဦးဇော်လာ(အသက်၄၅နှစ်)ဆီမှ ငေကျွပ် ၁၂၀,၀၀၀ကျပ်ကို အတင်းအဓမ္မ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

သတင်းများအရ အဆိုပါ တပ်ကြပ်ကြီး ဆိုသူသည် ခြိမ်းခြောက်မှူများ၊မဟုတ်မတရား စပွ် စဲမွှုများ ပြုလုပ်ပြီး ရိုဟင်ဂျာ များထံမှ ငွေ ကြေးအ မြောက်အများကို လိမ်လည်ရယူခဲ့ပါတယ်။မတရားခံခဲ့ရသော ဒေသခံရိုဟင်ဂျာများက ထိုအရာရှိဆိုသူအား “လူမျိုးရေးခွဲခြားဆက်ဆံသည့် ရဲအရာရှိအဖြစ် “သတ်မှတ် ဖော်ပြလျက်ရှိပါတယ်။

“စိတ်ဝင်စားစရာအကောင်းဆုံးအချက်က တော့ ထိုအရာရှိသည် အခြားနယ်မြေ သို့ရွှေ့ပြောင်းနေရာချထားခံရ ပေမဲ့လည်း တစ်လအတငွ်း သူ့၏မူလ နေရာသို့ ပြန်လည်ရောက်ရှိ နေတာပဲဖြစ်ပါတယ်။ ထိုအချက်ကို ကြည့်မယ်ဆိုလျှင် ထိုသူသည်အခြားသောအဆင့်မြင့်အရာရှိများနှင့် ကောင်း ကောင်းအဆက်အသယ်ွရှိပြီးလက်ရှိ မောင်းတောနယ်မြေတငွ် ပိုက်ဆံများများရ နေသည့်အတကွ် ၊လာဘ်ထိုးပြီးမောင်တောမှာဆက်လက်နေထိုင်တာဖြစ်တယ်”လို့ မတရားခံဒေသခံရိုဟင်ဂျာတစ်ဦး မှ RVision သို့ ပြောပြခဲ့ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.