Press "Enter" to skip to content

ကျောက်တော်မြို့နယ်တွင် ရိုဟင်ဂျာ သက်ကြီးရွယ်အို တစ်ဦးကို ရခိုင်အစွန်းရောက် တစ်ဦးက သတ်ဖြတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်ဆိပ်ကျေးရွာမှာ နေထိုင်တဲ့ သက်ကြီးရွယ်အို ရိုဟင်ဂျာတစ်ဦးကို နိုဝင်ဘာလ ၃ရက်နေ့မှာ ရခိုင်အစွန်းရောက်တွေက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

သတ်ဖြတ်ခံခဲ့ရသူရဲ့ နာမည်မှာ ဦးအဘူလ်ဟူစိန် (ဘ) ဦးအဗ်ဒူလ်ဂနီ အသက်(၅၀) ဖြစ်ပြီး ပိုက်ဆိပ်ကျေးရွာနဲ့ သရက်အုပ်ကျေးရွာကြားမှာရှိတဲ့ လယ်ကွင်းပြင်မှာ ငါးရှာနေစဉ်အတွင်းမှာပဲ သရပ်အုပ်ကျေးရွာတွင်းကနေ လက်နက်ကိုင်ဆောင်ထားတဲ့ ရခိုင်အစွန်းရောက် လူငယ်တစ်ဦး ထွက်လာပြီး တစ်စုံတစ်ရာ မေးမြန်းပြောဆိုမှုမရှိပဲ အသင့်ပါလာတဲ့ ဓားနဲ့ စတင်ခုတ်ခဲ့တာပဲဖြစ်ပါတယ်။

အပြစ်မဲ့တဲ့ ဒေသခံ ရိုဟင်ဂျာ သက်ကြီးရွယ်အိုကို ခုတ်ထစ်ပြီး နောက်ဆုံးမှာ လည်လှီးသတ်ခဲ့တာကြောင့် အခင်းဖြစ်ပွါးရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွါးတဲ့ နေရာဆီကို ရခိုင်အစွန်းရောက်တွေ အုပ်စုလိုက်ထပ်မံရောက်ရှိလာခဲ့တာကြောင့် သေဆုံးသူ ဦးဟူစိန်ကို ဘယ်သူမှ ကယ်တင်လို့မရခဲ့ပါဘူး။ သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ သက်ဆိုင်ရာ ကျောက်တော်ရဲတပ်ဖွဲ့ဆီကို အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူတွေက အလောင်းကို သင်္ဂြိုလ်ဖို့ မိသားစုဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

မျက်မြင်သက်သေတွေက လူသတ်မှုကျူးလွန်ခဲ့သူရဲ့ မျက်နှာကို အသေးစိတ်ပုံဖော်ပြောပြပေးခဲ့ပေမယ် နာမည်အတိကျကိုတော့ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်ကတော့ ယခုချိန်ထိ အရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ဒေသခံတွေက ရိုဟင်ဂျာဗီးရှင်းသို့ပြောပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.