ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၂နှစ်အောက်ကလေးငယ်များကို ထောက်ပံ့ကြေးထုတ်ပေးရာတွင် အသုံးစရိတ်ဖြတ်တောက်ခြင်း၊စာရင်းတွင်နာမည်မရှိဟု လိမ်လည် ပြောဆိုခြင်းနဲ့ နာမည်မတူဟုငြင်းဆိုကာ ထောက်ပံ့ကြေးများ ခေါင်းပုံဖြတ်ယူနေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က ဘူးသီးတောင်တောင်ပိုင်း သိမ်တောင်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ထောက်ပံ့ကြေးထုတ်ပေးရာမှာ တစ်ဦးလျှင် နိုင်ငံတော်မှသတ်မှတ်ထားတဲ့ ငွေကျပ် ၉၀၀၀၀ထဲက ၇၀၀၀၀ကျပ်သာ ထုတ်ပေးခဲ့ပြီး ငွေကျပ်၂၀၀၀၀ စီကို အသုံးစရိတ်ဟုဆိုကာ ခေါင်းပုံဖြတ်ယူနေကြောင်းသိရပါတယ်။
၂နှစ်အောက် ကလေးငယ်တွေအတွက် ထောက်ပံ့ကြေးထုတ်ပေးရာမှာလည်း စာရင်းစစ်ကြည့်ရာတွင် အမည်၊အဖအမည်၊ကလေးအမည် စသည်တို့ တူညီခြင်းမရှိဟု လိမ်လည်ပြောဆိုကာ လူအယောက်၂၀ ကျော်ကို ကို ထောက်ပံ့ကြေး လုံးဝထုတ်ပေးခြင်းမရှိကြောင်းသိရပါတယ်။ ထောက်ပံ့ကြေးတစ်ကြိမ် ထုတ်ပေးတိုင်း ငွေကျပ်အနည်းဆုံး သိန်း ၄၀ ကျော်ဖြတ်ထောက်ယူနေကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ထို့နောက် ဖုံညိုလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်သန်းလှိုင် ကလည်း တစ်ဦးလျှင် ငွေကျပ်၂၀၀၀၀နှုန်း ခေါင်းပုံဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဖုံညိုလိပ်အုပ်စုဟာ အုပ်စုကြီးတစ်ခုဖြစ်တာကြောင့် ထောက်ပံ့ငွေ သိန်းပေါင်း ၁၂၀ ကျော်ခန့် ခေါင်းပုံဖြတ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးကပြောဆိုခဲ့ပါတယ်။ အလားတူပဲ ပြင်လှသိန်းတန်၊ဘုရားပြင်အောင်ပ စတဲ့ ကျေးရွာတွေမှာလည်း ခေါင်းပုံဖြတ်ယူခဲ့ပြီး ရိုဟင်ဂျာတွေက မည်သည်ကြောင့် ငွေများဖြတ်တောက်ခဲ့သည်ကို မေးမြန်းခဲ့သော် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ကြောင်း သိရပါတယ်။
Photo: devex
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။