ရခိုင်ပြည်နယ်တွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာအာဏာပိုင်တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေအပြင် အရပ်သား အစွန်းရောက် ရခိုင်တစ်ချို့က ညှင်းပမ်းနှိပ်စက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး လက်ရှိ မြန်မာစစ်တပ်နဲ့ AAတို့ကြား တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက ၂၀၁၇ခုနှစ် NLDနဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းစစ်ဆင်ရေးမှာ အသက်ရှင်လုထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ တစ်သန်းခန့်ကို မူလနေရပ်ပြန်ပို့ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်း လက်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တစ်ချို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ တစ်ခြားသော အာဆီယံနိုင်ငံတွေဆီ ခိုလှုံဖို့ ဝင်ရောက်ရန် ကြိုးစားနေကြောင်း သတင်းအရင်မြစ်တစ်ချို့အရ သိရပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက နယ်စပ်ဖြတ်သန်း ဝင်ရောက် ခိုလှုံဖို့ ကြိုးစားခဲ့ကြတဲ့ ရိုဟင်ဂျာ ၆ဦးကို မြန်မာဘက်ကို ပြန်လည်ပို့ဆောင်ခဲ့သလို ပြီးခဲ့တဲ့လမှာလည်း လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာတစ်ချို့ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း Dhaka Tribunesမှာ ဖော်ပြခဲ့တဲ့ သတင်းတွေအရ သိရှိရပါတယ်။
လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို သူတို့ပိုင်နက်ထဲ ဝင်ရောက်ခွင့် ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်မှုကို ရပ်တန့်နိုင်ဖို့အတွက် နှစ်နိုင်ငံနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတွေကို အင်အား ထပ်ဖြည့်ထားတာ တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့လတွေမှာ ဒေသတွင်းကအာဏာပိုင်တစ်ချို့နဲ့ ဒေသခံရခိုင်တစ်ချို့ပူးပေါင်းပြီး ယာယီဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံ စတဲ့နိုင်ငံအသီးသီးကို လူကုန်ကူးဖို့ကြိုးစားတာကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာတွေလည်း တွေ့ရှိခဲ့ရပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။