Press "Enter" to skip to content

ဘူးသီးတောင်တွင် မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာရရှိ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စံကိုးထောင်ကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂၈ရက်နေ့က မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဆင်သေပြင်ကျေးရွာတွင်းနေထိုင်သူ အနူဝါရ်ဆာဒဲခ် (ဘ) နူရူဇာမာလ် အသက် (၁၄)နှစ်က မိမိနေအိမ်တွင်းရှိနေစဉ် မြန်မာစစ်တပ်က ပစ်ခတ်တဲ့ ကျည်ဆံ ထိမှန်ခဲ့တာဖြစ်ပြီး ဘူးသီးတောင် ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ဆေးကုသမှုခံယူရန် ပို့ဆောင်ထားရကြောင်း သိရပါတယ်။

https://rohingyavision.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%94%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84/

စံကိုးထောင်ကျေးရွာအုပ်စု သျှစ်သျှားတောင်ကျေးရွာကနေ အင်အား ၄၀၀ခန့်ရှိတဲ့ စစ်ကြောင်းက သူတို့သွားရာလမ်း တောက်လျှောက်မှာရှိတဲ့  ကျေးရွာတွေဘက်ကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဥယျာဉ်သာကျေးရွာကို ဝင်ရောက်ခဲ့ကြပါတယ်။ ထိုပစ်ခတ်မှုကြောင့် ဥယျာဉ်သာကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ဆင်သေပြင်ကျေးရွာ အရှေ့ပိုင်းကို ကျည်ဆံတွေထိမှန်ခဲ့တာဖြစ်ပါတယ်။

ဆင်သေပြင်ကျေးရွာမှာ လူဦးရေ ၂၀၀၀ခန့်နေထိုင်ကြပြီး ပြီးခဲ့တဲ့ရသတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာနေရိုဟင်ဂျာအားလုံး အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာကျေးရွာတွေမှာရှိတဲ့ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တောင်ယာလုပ်ကိုင် စားသောက်ကြတဲ့ သူတွေအနေနဲ့ မိမိတို့ ဝမ်းရေးအခက်ခဲရှိတာကြောင့် အမျိုးသားတစ်ချို့က ကျေးရွာတွင်း ကျန်နေခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

https://rohingyavision.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84-4/

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း မြန်မာစစ်တပ်နဲ့ AAတို့ရဲ့ အပြန်လှန်ပစ်ခတ်မှုတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်တစ်ချို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ယခုလို အပြန်လှန်ပစ်ခတ်မှုတွေကြား အပြစ်မဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် ကျောင်းနေအရွယ် ကလေးငယ်တွေအနေနဲ့ ပညာသင်ကြားခွင့် မရရှိပဲ အနာဂတ်တွေ ပျောက်ဆုံးနေကြရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.