Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် AAတို့ အပြန်လှန်ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ချို့ ကျည်ဆံထိမှန်ဒဏ်ရာရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း ညောင်ချောင်းနယ်မြေရဲစခန်းကို AAက ဝင်တိုက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ နှစ်ဦးနှစ်ဘက် အပြန်လှန်ပစ်ခတ်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် တစ်ချို့နှင့် ရခိုင်တစ်ချို့လည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့မနက် ၄နာရီအချိန်ခန့်မှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းနယ်မြေ ရဲစခန်းကို မေယုမြစ်အနားမှာရှိတဲ့ ကာဒီရွာ ၁နဲ့ ၂ ကြားက ချောင်းအတိုင်း AAက စက်လှေနဲ့ဝင်ပြီး စခန်းရဲ့ တောင်ဘက်နဲ့ အနောက်တောင်ဘက်ကနေ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အပြန်လှန် ပစ်ခတ်ချိန် ညောင်ချောင်း အထက်တန်းကျောင်းကို အကာကွယ်ယူပြီး ပစ်ခတ်ခဲ့တာကြောင့် ကျောင်းခေါင်းမိုးလည်း ကျည်ဆံထိမှန် ပျက်စီးသွားခဲ့ပါတယ်။

AAတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာကျေးရွာတွေကို အကာကွယ်ယူ တိုက်ခိုက်ခဲ့ချိန် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် သိမ်တောင်ပြင်ကျေးရွာအုပ်စု ဆေးသမားကျေးရွာက ဦးအီနူစ်ရဲ့သမီးဖြစ်သူ ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ မဆေးဖူးရာနဲ့  ဦးအဗ်ဒူလ်ကရိမ်ရဲ့ အသက် ၃နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်လည်း နေအိမ်တွင်း အိပ်ပျော်နေစဉ် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

https://rohingyavision.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9b%e1%80%81%e1%80%ad%e1%80%af-2/

AAတပ်ဖွဲ့ဝင်တွေက မနက်၆နာရီအချိန်ခန့်မှာ တပ်ဆုပ်သွားခဲ့ပေမယ့်လည်း မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု ကာဒီရွာကို လက်နက်ကျည်ဆံတွေ ထိမှန်ခဲ့ပြီး အသက် (၇၀)ခန့် ရှိပြီဖြစ်တဲ့ ဦးမာမတ်ဟူဆောင်းရဲ့ မိခင်နဲ့ အသက်၁၈နှစ်အရွယ် သမီးဖြစ်သူ မယားစ်မိန်တာရာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ တစ်ခြားသော ရိုဟင်ဂျာ အဖွားအိုတစ်ဦးနဲ့ ကျေးရွာနေသူ တစ်ချို့လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပေမယ့် နာမည်စာရင်း တိတိကျကျ မရရှိသေးပါဘူး။

ဒဏ်ရာပြင်းထန်စွာရရှိတဲ့ ရိုဟင်ဂျာတွေကိုတော့ ဘူးသီးတောင် ပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ကာဒီရွာက ဦးမာမတ်ဟူဆောင်းရဲ့နေအိမ်လည်း လက်နက်ကြီး ထိမှန်ပြီး မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးနှစ်ဘက် အပြန်လှန်ပစ်ခတ်မှုကြား ကျည်ဆံထိမှန်ပြီး ကျွဲနွားတိရိစ္ဆာန်တစ်ချို့လည်း သေဆုံးခဲ့သလို သစ်ပင်တွေနဲ့ ရိုဟင်ဂျာ နေအိမ်ခေါင်မိုး တစ်ချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

https://rohingyavision.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84/

ကြောက်ရွံ့မှုတွေကြောင့် ကျေးရွာနေသူ အများပြား နေအိမ်စွန့်ခွာထွက်ပြေးခဲ့ကြပြီး သက်ကြီးရွယ်အိုတွေ ကျန်ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ ယခုလို စစ်ရေးတင်းမာမှုကြား အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးနေကြရပြီး စစ်ဘေးရှောင် ဦးရေလည်း တိုးသထက် တိုးလာနေတာကို တွေ့ရှိရပါတယ်။ မြန်မာအစိုးရက သတင်းအမှောင် ချထား နိုင်ဖို့အတွက် ရခိုင်ပြည်နယ်တွင်းက မြို့နယ်တွေမှာ အင်တာနက်သုံးစွဲခွင့်တွေ ပိတ်ပင်ထားပြီး နေမြေ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ- RFA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.