Press "Enter" to skip to content

ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာမွတ်စလင်တစ်ဦးကို ရခိုင်အစွန်းရောက်အုပ်စုက ရိုက်နှက်မှုဖြစ်ပွား

ပေါက်တောမြို့။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၂ရက်နေ့ ရခိုင်ပြည်နယ် ပေါက်တောမြို့က ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်စလင်တစ်ဦးကို ရခိုင်အစွန်းရောက်တစ်ချို့က ရိုက်နှက် နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ကျေးရွာနေမျက်မြင်သက်သေတစ်ချို့က သတင်းပေးပို့ထားပါတယ်။

ရိုဟင်ဂျာလူငယ်တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ်အာလောမ်(ဘ) ဦးရှော်ဖီအာလောမ်ကို ရခိုင်အစွန်းရောက် အုပ်စုတစ်စုက ဆင်နှမော်နဲ့ Kinifarang ကျေးရွာနှစ်ခုကြားမှာရှိတဲ့ တောင်ကုန်းနှစ်ခုကြားမှာ တားဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

တားဆီးပြီး မကြာခင်မှာပဲ ထိုရခိုင်အစွန်းရောက်အုပ်စုက သေစေလိုတဲ့ဆန္ဒနဲ့ စတင်ရိုက်နှက် နှိပ်စက်မှုတွေပြုလုပ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် လမ်းသွားလမ်းလာ ကျေးရွာနေလူတစ်ချို့က လူမဆန်စွာ ရိုက်နှက်မှုတွေပြုလုပ်နေတာကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

ထိုအခြေနေမှာပဲ ကျေးရွာနေသူတစ်ချို့က ကယ်တင်နိုင်ခဲ့ပြီး အစွန်းရောက်ရခိုင်အဖွဲ့ ထွက်ပြေးသွားခဲ့ကြပါတယ်။ ထိုဖြစ်စဉ်ဟာ ပြစ်မှုကျူးလွန်ခံရသူ နေထိုင်ရာ ကျေးရွာသို့ ပြန်နေချိန် မနက် ၉နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရိုက်နှက်ခံရသူ မိုဟမ္မဒ်အာလောမ်ဟာ ပေါက်တောမြို့နယ် Kinifarangကျေးရွာမှာရှိတဲ့ ဒုက္ခသည်စခန်းမှာနေထိုင်သူ တစ်ဦးဖြစ်ပြီး သူ့ကိုကယ်ဆယ်ခဲ့သူတွေက သူမူလနေထိုင်ရာ နေရာကို ပြန်လည်ပို့ဆောင်ခဲ့ပေမယ့် အရေးပေါ်ဆေးကုသမှုတွေ လိုအပ်နေကြောင်းလည်း သိရှိရပါတယ်။

၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု စတင်ချိန် ရိုဟင်ဂျာမွတ်စလင်အများပြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီး တစ်ချို့သော ရိုဟင်ဂျာ မွတ်စလင်တွေက ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခက်ခဲပင်ပန်းစွာ နေထိုင်ကြရတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.