Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင်းရှိ ကျေးရွာများမှ ရိုဟင်ဂျာကျောင်းသူ/သားများ ပညာသင်ကြားခွင့်မရခြင်းကြောင့် စိုးရိမ်ပူပင်နေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းရှိ ရိုဟင်ဂျာမွတ်စလင်များ နေထိုင်ရာ ကျေးရွာတွေမှာ ရိုဟင်ဂျာကျောင်းသူ/သားတွေ ကျောင်းအပ်နှံ ပညာသင်ကြားခွင့် မရရှိတာကြောင့် အနာဂတ်ပျောက်ဆုံးမှာကို စိုးရိမ်ပူပင်နေရကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ ကျေးလက်ဒေသမှာ အစိုးရအမှုထမ်းများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆရာ/မ တွေက ရိုဟင်ဂျာ ကလေးငယ်တွေကို သွားရောက် ပညာသင်ကြားပို့ချပေးဖို့ ငြင်းဆိုခဲ့ကြတာကြောင့် ရိုဟင်ဂျာကလေးတွေရဲ့ ကျောင်းအပ်နှံရမယ့်ချိန်ကျော်လွန်နေပြီး ပညာရေး ရပ်တန့်နေကြောင်း သိရပါတယ်။

ပညာရေးဟာ လူသားတွေရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးပါ အရာရောက်တာကြောင့် ရိုဟင်ဂျာ မိဘတွေအနေနဲ့ မိမိတို့ရဲသားသမီးတွေ ပညာသင်ကြားခွင့်မရပဲ အနာဂတ် မျှော်လင့်ချက်တွေ ပျောက်ဆုံးမှာကို စိုးရိမ်ပူပင် နေကြရပါတယ်။

ရိုဟင်ဂျာကလေးငယ်တွေ ပညာသင်ကြားခွင့်ရရှိဖို့ နိုင်ငံတကာ လူမှုအဖွဲ့စည်းများနှင့် အလှူရှင်များ၏ အကူညီများဖြင့် ပညာသင်ကြားရေး အစီစဉ်တွေ အကောင်ထည်ဖော်နိုင်ဖို့ အမြန်ဆုံး လိုအပ်လျက်ရှိနေပါတယ်။

 ၁၉၈၅ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ မွတ်စလင်တွေအနေနဲ့ အစိုးရဝန်ထမ်းဖြစ်ခွင့်မရှိတာကြောင့် ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ အစိုးရကျောင်းတွေမှာ ပညာသင်ကြား ပို့ချပေးသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေသာဖြစ်ပြီး လက်ရှိအချိန်မှာ ထိုဗုဒ္ဓဘာသာဝင် ဆရာ/မတွေက ရိုဟင်ဂျာကလေးငယ်တွေကို ပညာသင်ကြားပေးဖို့ ငြင်းဆန်နေကြတာပဲ ဖြစ်ပါတယ်။

https://rohingyavision.com/burmese/%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%B9%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%99%E1%80%9B%E1%80%9B%E1%80%BD%E1%80%AD%E1%80%90%E1%80%B2/

လူမျိုးတုန်းစစ်ဆင်ရေးမှာ အိမ်နီးချင်းနိုင်ငံကို ထွက်မပြေးပဲ မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ ဘူးသီးတောင်မြို့ရဲ့ တောင်ဘက်နှင့် မြောက်ဘက်အကျဆုံးသော ကျေးရွာတွေက ရိုဟင်ဂျာ ကျောင်းသူ/သား တွေဟာ ဘူးသီးတောင်မြို့ပေါ်ကို ပညာသင်ကြားရန် နေ့ချင်းပြန် သွားရောက်ဖို့ မဖြစ်နိုင်တာကြောင့် ကျေးရွာတွင်း ပညာသင်ကြားခွင့် ရရှိဖို့ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းဟာ အနာဂတ် ဆုံးရှုံးခြင်းနဲ့ ထပ်တူဖြစ်တာကြောင့် ရိုဟင်ဂျာ လူငယ်တွေရဲ့ ပညာရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ် ကူညီမှုတွေ အရေးပေါ်လိုအပ်နေပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နည်းစနစ်ကျကျ လူမျိုးတုန်းစစ်ဆင်ရေးတွေ ယနေ့ထိတိုင်ပြုလုပ်နေတာကို မြင်တွေ့နေရပါတယ်။ မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ လူနည်းစုရိုဟင်ဂျာတွေရဲ့ မလုံခြုံတဲ့ဘဝမှာ တရားမျှတမှုဟာ မျှော်တိုင်းဝေးနေပြီး အနာဂတ်ဟာလည်း ဆက်လက် မှောင်မိုက်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.