ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အာဏာပိုင်များ၏ တပည့်တစ်ဦးလည်းဖြစ်သူ၊ တရားရုံးတွင် စကားပြန်အဖြစ်လည်း လုပ်ကိုင်သူ တစ်ဦးက အပြစ်မဲ့ ရိုဟင်ဂျာများထံမှ ခြိမ်းခြောက် ငွေညှစ်နေကြောင်းသိရပါသည်။
ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စုနေ အာနိုဝါရ်ဆာဒဲခ် (၃၂) နှစ်သည် လွန်ခဲ့သော ၃ နှစ်ခန့်ကစ၍ ဘူးသီးတောင်မြို့နယ် တရားရုံးတွင် စကားပြန်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ထိုသူလုပ်ကိုင်နေသော စကားပြန်အလုပ်ကို အခွင့်ကောင်းယူပြီး တရားသူကြီး၊ ဥပဒေအရာရှိ တို့၏နာမည်သုံးကာ ခြိမ်းခြောက် ငွေညှစ်နေခြင်း၊ ဆင်းရဲသော ရိုဟင်ဂျာများ ငွေမပေးနိုင်လျင် ဘာသာပြန်ပေးရာတွင် လိမ်လည်ပြီး ပြန်ပေးနေခြင်းများ ပြုလုပ်နေပါတယ်။
ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စုနေ နူရ်နာရ်ဘေဂေါမ်နှင့် အိမ်နီးနားချင်းတစ်ဦး ကတောက်ကဆ ဖြစ်သည်ကို အခွင့်ကောင်းယူ၍ ၎င်းနူရ်နာရ်ဘေဂေါမ်ထံမှ တရားသူကြီး၊ စာရေးကြီး၊ ဥပဒေအရာရှိတို့ကို ပေးရမည်ဟု ပြောဆိုကာ ၂လခန့် အချိန်ကာလအတွင်း ငွေကျပ် ခြောက်သိန်းကျော် ညှစ်ယူခဲ့ပါတယ်။ထို့နောက် ကာမာလ်ဟူဆောင်းထံမှ ငွေကျပ် ၅သိန်းတောင်းခံခဲ့ရာ ငွေကြေးမတတ်နိုင်သောကြောင့် ထိုငွေကိုမပေးနိုင်ခဲ့ရာ အမှုစစ်ဆေးနေစဉ်တွင် ထိုသူ၏ ထွက်ဆိုချက်များကို လိမ်လည်ဘာသာပြန် ပေးခဲ့သည့်အပြင် ထောင်ကျခံရအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့ပါတယ်။
ထို့အပြင်၂၀၁၈ခုနှစ် ဒီဇင်ဘာလမှစပြီး တစ်လတာ အချိန်ကာလတွင် ကျောက်ဖြူသာသေကံကျေးရွာနေ ဘော်ကောရ်(ဘ)အဒူဆော်လာမ်ထံမှ ငွေကျပ် ၄၅၀၀၀၀ ခြိမ်းခြောက်ညှစ်ယူခဲ့ပြီး၊ နာဆဲရ်အာမတ်(ဘ)မောဂုလ်ဟူဆောင်း ထံမှလည်း ငွေကျပ် ၂၈၀၀၀၀၊ အဘုလ်ကာဆိမ်း(ဘ)ဆော်ဒါရ်ဟူဆောင်းထံမှ ငွေကျပ် ၃၅၀၀၀၀၊ ဆော်ယောဒ်(ဘ)အဒူမော်ဇိတ်ထံမှ ငွေကျပ် ၄၂၀၀၀၀ကျပ်နှင့် မာမတ်နုရ်(ဘ)အဘုလ်ဟူဆောင်းထံမှ ငွေကျပ် ၄၀၀၀၀၀ကျပ်ညှစ်ယူခဲ့သည်။
ထိုကဲ့သို့ ကျေးရွာနေ ချို့တဲ့သည့် ရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်ယူနေခြင်းများကို သက်ဆိုင်ရာများမှ အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြသော်လည်း ယနေ့ချိန်ထိ မည်သည့်အရေးယူခြင်းများမှ မပြုလုပ်ပေးသည့်အတွက် ဆင်းရဲသူ/သား ရိုဟင်ဂျားများကို ဆက်လက်ညှင်းပမ်းလျက်ရှိနေပါတယ်။
Photo Credit: dhakatribune
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။