Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာပိုင် ဈေးဆိုင်များ၊စာသင်ကျောင်းနှင့် ဘာသာရေးစာသင်ကျောင်း မီးရှို့ဖျက်စီးခံရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာပိုင် ဆိုင်ခန်းတွေကို ၂၀၁၉ခုနှစ် မေလ ၉ရက်နေ့မှာ အစွန်းရောက်ရခိုင်အုပ်စုက မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ကြာသပတေးနေ့ မနက်၂နာရီအချိန်ခန့်မှာ ကွန်တိုင်ကျေးရွာအုပ်စုမှာရှိတဲ့ ရိုဟင်ဂျာဆိုင်များတည်ရှိရာ ဈေးတစ်ခုလုံးကို မီးလောင်ပျက်စီးစေလိုတာကြောင့် ဈေးရဲ့နှစ်ဘက်စလုံးက ပိတ်ဆို့ပြီး မီးရှို့ပြာချခဲ့တာပဲ ဖြစ်ပါတယ်။ မီးရှို့ဖျက်စီးမှုတွေ မပြုလုပ်ခင်မှာ သံသယဖြစ်ဖွယ်ရာ အစွန်းရောက်ရခိုင်အုပ်စုတစ်စုက ကျေးရွာတွင်းကို ဝင်ရောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကျေးရွာနေ ရိုဟင်ဂျာတွေ သန်းခေါင်ယံ အိပ်စက်နေကြချိန်မှာ ဈေးဧရိယာဘက်က မီးတောက်တွေကို ရုတ်တရက် စတင်မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ မီးတောက်တွေကို စတင်မြင်တွေ့တွေ့ချင်းမှာပဲ သူတို့ရဲ့ ရောင်း/ဝယ် ပစ္စည်းတွေကို မီးမလောင်ကျွမ်းခင် ထုတ်ယူနိုင်ရန် ကြိုးစားခဲ့ပေမယ့်လည်း မထုတ်ယူနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ထိုမီးလောင်မှုမှာ ရိုဟင်ဂျာပိုင် ဈေးဆိုင် ၃၁ဆိုင် မီးလောင်ပြာကျသွားခဲ့ပြီး ကျောင်းတစ်ကျောင်းနဲ့ ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းလည်း မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ ရိုဟင်ဂျာတို့ရဲ့ အိုးအိမ်စည်းစိမ်များ မီးရှို့ပြာချခံရခြင်းကြောင့် ရခိုင်ပြည်နယ်တွင်း ပိတ်လှောင် ခံထားရတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာတို့ရဲ့ စားဝတ်နေရေးမှာ ပိုမိုခက်ခဲလာနေတာကို တွေ့ရှိရပါတယ်။

https://rohingyavision.com/burmese/2019/04/17/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%A1%E1%80%85%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%A5%E1%80%AE/

၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေ ပြုလုပ်ချိန်မှစပြီး မြန်မာစစ်တပ်နှင့် အစွန်းရောက်ရခိုင်တစ်ချို့က အင်အားနည်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ကျေးရွာတွေကို မီးရှို့ပြာချခြင်း၊ မတရားဖမ်းဆီးထောင်ချခြင်းနဲ့ ငွေညှစ်ခြင်းတွေကို ယခုထိတိုင် ဆက်လက်လုပ်ဆောင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.