Press "Enter" to skip to content

ဝါးနှင့်သစ်လုပ်ငန်း လုပ်ကိုင်သူ ရိုဟင်ဂျာသုံးဦးထံမှ ရခိုင်အစွန်းရောက်တစ်ဦးနှင့် သစ်တောဦးစီးက ပူးပေါင်း ငွေညှစ်

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းတင်ချောင်းတွင် သစ်နှင့်ဝါးလုပ်ငန်း လုပ်ကိုင်နေကြသော ရိုဟင်ဂျာမွတ်စလင်များကို သစ်တောဦးစီးနှင့် အပေါင်းပါ ရခိုင်အစွန်းရောက် တစ်ဦးက မတရားစွပ်စွဲ ငွေညှစ်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။

စိုင်းတင်ချောင်းတွင် သစ်နှင့်ဝါးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ မောင်ထွန်းသိန်းနှင့် သစ်တောဦးစီး ဦးသန်းရွှေတို့ ပူးပေါင်းကာ ၂၀၁၉ခုနှစ် ဧပြီလ ၁ရက်နေ့မှာ ဝါးနှင့်သစ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ရိုဟင်ဂျာ မွတ်စလင် သုံးဦးကို သစ်ခိုးယူတယ်လို့ မတရား စွပ်စွဲပြီး ငွေကျပ် ၇သိန်းခွဲ ညှစ်ယူခဲ့ပါတယ်။

ငွေညှစ်ခံရသူ ရိုဟင်ဂျာမွတ်စလင် သုံးဦးမှာ ကင်းတောင်ကျေးရွာတွင် နေထိုင်သူ ဦးနူရ်အာမိန်၏သား ဦးမာမတ်ဆုလ်တာန် အသက်(၃၀) ထံမှ ငွေကျပ် နှစ်သိန်းခွဲနှင့် ဦးအဗ်ဒူဆော်လာမ်၏သား ဦးဆော်လာမတ်အူလ္လာ အသက်(၃၁)နှစ်ထံမှ ငွေကျပ် နှစ်သိန်းခွဲတို့ ဖြစ်ကြပြီး အတွင်းငှက်သေ ကျေးရွာတွင် နေထိုင်သူ ဦးအော်တီဇော်မာ၏သား ဦးအာမီရ်တာဟဲရ် အသက်(၃၅)နှစ်ထံမှ ငွေကျပ် နှစ်သိန်းခွဲ တို့ ဖြစ်ကြပါတယ်။

၎င်းတို့ သုံးဦးထံမှ ငွေညှစ်ယူချိန်တွင် တောင်းခံငွေကို မပေးဆောင်ပါက သစ်နှင့်ဝါးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ သစ်တောဦးစီးက အစွန်းရောက်တွေနဲ့ပူးပေါင်းပြီး ရိုဟင်ဂျာတွေကို သစ်နှင့်ဝါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်အောင် ရည်ရွယ်ပြီး ခုလိုခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

https://rohingyavision.com/burmese/2019/04/17/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%A1%E1%80%85%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%A5%E1%80%AE/

ပြီးခဲ့တဲ့ ဧပြီလမှာလည်း မြန်မာစစ်တပ်က စိုင်းတင်ချောင်း တစ်လျှောက်မှာ ဝါးလုပ်ငန်း လုပ်ကိုင် နေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုတွေ လုပ်ကိုင်ပြီးတဲ့နောက်မှာ ရိုဟင်ဂျာတွေက ကြောက်ရွံ့ပြီး မိမိတို့လုပ်ငန်းခွင်သို့ မသွားရောက်နိုင်ခြင်းကို အခွင့်ကောင်းယူကာ စိုင်းတင်ချောင်းတစ်လျှောက် ချန်ထားခဲ့ရတဲ့ ရိုဟင်ဂျာတို့ ခုတ်ထစ်ထားခဲ့သမျှ ဝါးနှင့် သစ်များ အားလုံးကိုလည်း မောင်ထွန်းသိန်းနှင့် အပေါင်းပါများက မီးရှို့ဖျက်စီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာတို့ရဲ့ တရားမျှတမှုအတွက် အရေးယူပေးမှု တစ်စုံတရာမှ မရှိတာကြောင့် ယခုမေလမှာလည်း မောင်ထွန်းသိန်းက ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဖိနှိပ်ခံရိုဟင်ဂျာ မွတ်စလင်တို့ရဲ့ အနိုင်ပြုကျင့် ခံရမှု အခက်ခဲဒုက္ခတွေကို မြန်မာအစိုးရကို တင်ပြပေမယ့်လည်း အရေးယူဆောင်ရွက်ပေးခြင်း လုံးဝမရှိတာကြောင့် အစွန်းရောက်တွေက အဓမ္မ အနိုင်ကျင့်မှုတွေ ညှင်းပမ်းနှိပ်စက် ခြိမ်းခြောက်မှုတွေ ပိုမိုပြုလုပ်လာတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.