Press "Enter" to skip to content

ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာနှစ်ဦးကို ညောင်ချောင်းနယ်မြေစခန်းသို့ ဖမ်းဆီးခေါ်ဆောင်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်သော ဦးဆန်မျှာ၏သား ဟာဖစ်ဇူဘိုင်ရ်နှင် ၎င်း၏အမျိုးသမီးဖြစ်သူ မနူရ်ခိုင်ဒါတို့ကို ညောင်ချောင်းနယ်မြေစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စနေနေ့က ဘုရားပြင်အောင်ပကျေးရွာတွင်းသို့ ညောင်ချောင်းနယ်မြေ စခန်းမှ ရဲဝန်ထမ်းနှစ်ယောက် ယူနီဖောင်းဝတ်စုံ မပါပဲ ရွာတွင်းမှ ထိုသူတို့၏ တပည့် သုံးဦးနှင့်အတူ ဟာဖစ်ဇူဘိုင်ရ် နေအိမ်ခြံတွင်းသို့ ဝင်ရောက်ကာ ဝါးပင်များ ခုတ်နေစဉ်အတွင်း ဟာဖစ်ဇူဘိုင်ရ်၏ အမျိုးသမီးက ဘာကြောင့်ခွင့်မတောင်းပဲ ဝါးများခုတ်နေတာလဲဟု မေးမြန်းခဲ့ရာ ရဲဝန်ထမ်းများက ထိုအမျိုးသမီးအား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့တဲ့အပြင် ကိုယ်ထိလက်ရောက် စော်ကားပြီး ဖမ်းစီးခေါ်ဆောင် သွားခဲ့ပါတယ်။

http://www.rvisiontv.com/burmese/%E1%80%98%E1%80%B0%E1%80%B8%E1%80%9E%E1%80%AE%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9-2/

အိမ်ရှင်ကိုခွင့်မတောင်းပဲ ခြံထဲဝင်ရောက်ကာ ဝါးခုတ်ရာတွင် နေအိမ်ပိုင်ရှင်များက မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိသည့်အတွက် ယခုကဲ့သို့ မေးမြန်းခဲ့ရာကို မည်သည့်ပြစ်မှုမှမရှိပဲ မတရား ဖမ်းဆီးဆောင် သွားခဲ့တာဖြစ်ပြီး ယခုချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရပါတယ်။

ယခုကဲ့သို့ ပြုမူဆက်ဆံခြင်းမှာ ရခိုင်ပြည်နယ်တွင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တို့ လုံခြုံမှုမရှိတာကို သိသာထင်ရှားစွာ တွေ့ရှိနေရပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို နိုင်ထက်စီးနင်းဆက်ဆံနေပြီး မိမိတို့အာဏာသုံးကာ ဖမ်းစီးချုပ်နှောင်ခြင်းတွေ မကြာခဏ ပြုလုပ်နေခြင်းကလည်း တရားမျှတမှုမရှိခြင်းကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။
Photo Credit: Aljazeera

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.