Press "Enter" to skip to content

မြန်မာစစ်တပ်နှင့် AAတို့တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကလေးငယ်သေဆုံး

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စံဂိုးထောင်ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ အနီးတဝိုက်တွင် မြန်မာစစ်တပ်နှင့် AAတို့ရဲ့ အပြန်လှန် ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန် ဒဏ်ရာရရှိသူ ဆင်သေပြင်ကျေးရွာမှ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီး၏ ရင်သွေးငယ် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။

ဧပြီလ (၂၁)ရက် နေ့လည်ခင်း ဝတ်ပြုနေစဉ်အတွင်း ဝမ်းဗိုက်ကို ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ကိုယ်ဆောင် အမျိုးသမီး မဆေးနူဝါရ်ဘေဂွမ်ကို ဘူးသီးတောင်မြို့  ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်နိုင်ခဲ့ ပေမယ့်လည်း  ဝမ်းဗိုက်ထဲက ရင်သွေးငယ် သေဆုံးသွားခဲ့တာကြောင့် ခွဲစိတ်ထုတ်ခဲ့ရတယ်လို့ နောက်ဆုံးရ သတင်းတွေအရ သိရပါတယ်။

https://rohingyavision.com/burmese/2019/04/21/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-aa%E1%80%90%E1%80%AD%E1%80%AF%E1%82%95/

ကျည်ဆံထိမှန် ဒဏ်ရာအတွက်  ဆေးကုသမှု ဆက်လက် ခံယူနေရတဲ့ မဆေးနူဝါရ်ဘေဂွမ်ကို အရေးပေါ် သွေးသွင်းထားရပြီး အူပေါက်ထွက် သွားခဲ့တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။ သူမဟာ သားသမီး(၃) ဦးရဲ့ မိခင်ဖြစ်ပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ တနင်္ဂနွေ ညဘက်မှာ မြန်မာစစ်တပ်က  ဥယျာဉ်သာကျေးရွာ အနီးတစ်ဝိုက် နေရာယူထားပြီး အပြန်လှန်ပစ်ခတ်မှုတွေ ဆက်လက်ပြုလုပ်နေကြောင်း သိရပါတယ်။ ဆင်သေပြင်ကျေးရွာနဲ့ ဥယျာဉ်သာ ကျေးရွာတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ ထင်းရှာမထွက် နိုင်တာကြောင့် ချက်ပြုတ် စားသောက်ရန်ပင် အခက်ခဲများနှင့် ရင်ဆိုင်နေကြရပါတယ်။

ကျေးရွာတွင်း ပိတ်မိနေကြတဲ့ ရိုဟင်ဂျာတွေ ဝမ်းစာရှာ မထွက်နိုင်တာကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် လုံခြုံရေး တင်းကြပ်မှု မရှိတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အကူညီပေးရန် လာရောက်နိုင်ခြင်း မရှိပါ။

ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်တွေဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တို့ရဲ့ တိုက်ပွဲအကြား မြန်မာစစ်တပ်ရဲ့ အဓိကပစ်မှတ် ဖြစ်လာပြီး ရိုဟင်ဂျာ ကျေးရွာတွေကို လက်နက်ကြီး/ငယ်တွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး သွားသလို အပြစ်မဲ့ ပြည်သူတွေလည်း ဒဏ်ရာရ သေဆုံး နေကြတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.