Press "Enter" to skip to content

မြန်မာစစ်တပ်နှင့် AAတို့ အပြန်လှန်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်

ဘူးသီးတောင်မြို့။    ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စံဂိုးထောင်ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ အနီးတစ်ဝိုက်တွင် မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ အပြန်လှန်ပစ်ခတ်မှု ပိုမိုပြင်းထန် နေစဉ်အတွင်း ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိပြီး ကျေးရွာတွင်း နေထိုင်ကြသူများ အားလုံး ပိတ်မိနေကြောင်း ဒေသခံတစ်ဦးက Rohingya Visionသို့ သတင်းပေးပို့ ထားပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ် ဧပြီလ (၂၁)ရက် နေ့လည် (၂)နာရီခွဲ အချိန်ခန့်တွင် ဆင်သေပြင်ကျေးရွာတွင်း နေထိုင်သော နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးဖြစ်သည့် မူဟမ္မဒ်အာမိန် ၏ဇနီး မဆေးနူဝါရ်ဘေဂွမ် အသက်(၂၅)နှစ်က နေ့လည် ဝတ်ပြုနေစဉ်အတွင်း ကျည်ဆံထိမှန် ဒဏ်ရာရရှိတာဖြစ်ပြီး ဆေးကုသမှု ခံယူရန် အခက်ခဲများနှင့် ရင်ဆိုင်နေရပါတယ်။

ဒီနေ့မှာတော့ ရိုဟင်ဂျာအများစုနေထိုင်ရာ ကျေးရွာများအနီးတစ်ဝိုက်တွင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ကျေးရွာနေ ပြည်သူများက ဘေးကင်းလုံခြုံရာ အရပ်သို့ သွားရောက်လို ပေမယ့်လည်း မြန်မာအစိုးရက ရိုဟင်ဂျာတို့ရဲ့ သွားလာလှုပ်ရှားမှုများကို ကန့်သတ် ချုပ်ထိန်းမှုတွေ ပြုလုပ်ထားတာကြောင့် ကျေးရွာတွင်း ပိတ်မိနေကြပါတယ်။

ထိုကဲ့သို့ ပိတ်မိနေချိန်တွင်း ဆင်းရဲသူ/သား ရိုဟင်ဂျာတို့အနေနဲ့ ဝမ်းစာရှာ မထွက်နိုင်ကြတာမို့ စားဝတ်နေရေး လွန်စွာမှ ခက်ခဲလျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ ဒေသခံ ရိုဟင်ဂျာတို့ဟာ မြန်မာအစိုးရရဲ့ ဖိနှိပ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားနေကြရတဲ့အပြင် လူမျိုးတုန်း သတ်ဖြတ်မှု တွေကိုလည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

https://rohingyavision.com/burmese/2019/03/19/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84/

ရိုဟင်ဂျာလူမျိုးစုသည် မြန်မာနိုင်ငံ၏ ဒေသခံတိုင်းရင်းသား ဖြစ်သော်ငြားလည်း မြန်မာအစိုးရထံတွင် နိုင်ငံသားအဖြစ်ပင် အသိမှတ်မခံရပဲ လူအခွင့်ရေးချိုးဖောက်မှုတွေကိုသာ ခါးသီးစွာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ယခုလို ပြည်တွင်းစစ်တွေ ပိုမိုအားကောင်းလာချိန်မှာ အပြစ်မဲ့ ဒေသခံပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်လာကြပြီး နေအိမ်တွင်းမှာပင် ကျည်ဆံထိမှန် သေဆုံးနေကြရတာမှာ လွန်စွာမှ ဝမ်းနည်းဖွယ်ရာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.