Press "Enter" to skip to content

မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ တိုက်ပွဲကြောင့် ရိုဟင်ဂျာတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီး

ဘူးသီးတောင်မြို့။     ။ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာအုပ်စုတွင် မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ တိုက်ပွဲ ပြင်းထန်မှုအကြား အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး ရိုဟင်ဂျာနေအိမ်တစ်လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ဘူးသီးတောင် အရှေ့တောင်ပိုင်း ကျောက်ရံကျေးရွာအုပ်စု ထိပ်တူးပေါက်ကျေးရွာမှာနေထိုင်တဲ့ ရိုဟင်ဂျာတစ်ဦး စံဂိုးထောင်ကျေးရွာအုပ်စု နွားရုံတောင်ကျေးရွာ အနီးရှိချောင်း၌ ဝမ်းစာရှာထွက်နေစဉ် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

https://rohingyavision.com/burmese/2019/03/19/%E1%80%98%E1%80%B0%E1%80%B8%E1%80%9E%E1%80%AE%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9%E1%80%90%E1%80%BC%E1%80%84/

ဒဏ်ရာရရှိသူ ကျောက်ရန်အုပ်စု ထိပ်တူးပေါက်ကျေးရွာမှာ နေထိုင်တဲ့ ဦးဟူဆောင်းအမတ်၏သား မမတ်ကာဆိမ်းက ဧပြီလ ၁၉ရက်နေ့ မနက် ၁၀နာရီအချိန်ခန့်မှာ မိမိနေ့စဉ် အသက်မွေးဝမ်းကျောင်းအတွက် ချောင်းထဲ ပိုက်ချ ငါးဖမ်းနေစဉ် နေ့လည် ၂နာရီခန့်မှာ လက်နက်ငယ် ကျည်ဆံထိမှန်ပြီး ဘယ်ဘက်လက်တွင် ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူ မမတ်ကာဆိမ်းကို (၁၉) ရက် ညနေ(၅)နာရီခန့်မှာ မိသားစုဝင်များက ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ဆေးကုသမှု ခံယူနေကြောင်း သိရပါတယ်။ ထိုနေ့မနက် ၈နာရီခွဲခန့်မှာပဲ စံဂိုးထောင် ကျေးရွာမှာရှိတဲ့ ဦးအာဘူလ်ကာဆိမ်း၏သား မမတ်ဟူဆောင်း၏ နေအိမ်ပေါ်ကိုလည်း လက်နက်ကြီးကျရောက်ခဲ့ပြီး ၄င်း၏နေအိမ် မီးလောင်ပျက်စီး သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဘူးသီးတောင် မြောက်ဘက်ပိုင်းမှာရှိတဲ့ မောင်ကြီးတောင်ကို ဖားကောက်ရန် ရောက်ရှိလာကြတဲ့ ရခိုင်အစွန်းရောက်တို့ လက်ချက်ကြောင့် ရိုဟင်ဂျာနေအိမ် (၇)လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

ဧပြီလမှာတော့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တို့ရဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့ပြီး ရိုဟင်ဂျာကျေးရွာ အနီးတစ်ဝိုက်မှာ လက်နက်ကြီး/ငယ်တွေ မကြာခဏ ကျရောက်နေတာကြောင့် ကျေးရွာနေ အပြစ်မဲ့ ရိုဟင်ဂျာတစ်ချို့ ဒဏ်ရာရ သေဆုံးပြီး တစ်ချို့သောသူတွေက နေထိုင်စားသောက်ရေးအတွက် လွန်စွာမှ ဒုက္ခရောက်နေကြရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.