Press "Enter" to skip to content

မောင်တောမြောက်ပိုင်း မြောတောင်နှင့်ပွင်ဖြူချောင်း ရိုဟင်ဂျာများကို

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြောတောင်ကျေးရွာ (ဆာလီးဖာရင်း)သည် အိမ်ခြေ (၅၀) ကျော်ဖြင့် ရိုဟင်ဂျာများ နေထိုင်ကြသော ကျေးရွာတစ်ရွာ ဖြစ်သည်။ စပါးစိုက်ပျိုးခြင်း၊ငါးမွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်။

အဆိုပါကျေးရွာသားများကို ရက္ခိုင်တပ်တော်(AA)က ပြီးခဲ့သည့် ဩဂုတ်လတွင်အစည်းအဝေးခေါ်ယူ၍`စစ်ဆင်ရေးလုပ်ရန်’ရှိသည်”ဟုအကြောင်းပြ၍ အခြားရွာသို့ ပြောင်းရွေ့နေထိုင်ကြရန် အမိန့်ထုတ်ထား ခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေမှူးထံ အသနားခံစာကို အကြိမ်ကြိမ်
တင်ထားခဲ့သော်လည်း လက်မခံဘဲအောက်တိုဘာ(၇)ရက်နောက်ဆုံး ထား၍ အပြီးအပိုင်ပြောင်းရွေ့ကြရန် အတင်းအကျပ်ဖိအားပေးလျက် ရှိနေသည်။

အဆိုပါကျေးရွာသို့ စက်တင်ဘာလ(၂၆)ရက်နေ့တွင် နေချင်းပြန်သွား ရောက်ခဲ့သူ ငန်းချောင်းရွာသားဦးအာဘုအာလောမ်အပါအဝင်(၃)ဦးကို AAတပ်သားများက ဖမ်းဆီးခဲ့ပြီး၊ငွေ(၅ သောင်း)ကျပ်ညှစ်၍ ပြန်လွှတ်ပေးခဲ့သည်။

အလားတူ ပွင့်ဖြူချောင်း(ဇာမူန်းနာ)ကျေးရွာ၊ မာဇါးမ်တော်လီရွာနေ အိမ်ခြေ(၇)အိမ်ကိုလည်း အခြားရွာသို့ ပြောင်းရွေ့ကြရန် AA က အတင်းအကျပ်ဖိအားပေလျက် ရှိနေကြသည်။ စပါးစိုက်ခင်းများ၊ငါးမွေးမြူရေးလုပ်ငန်းများ ပျက်ပြားသွားမည့်ကို အလွန်တရား စိတ်ပူပန်သောကရောက်လျက် ရှိနေကြောင်း ရွာခံများက ပြောပါသည်။

မောင်တောမြို့မြောက်ပိုင်းတွင် နေထိုင်ကြသော ရိုဟင်ဂျာ ကျေးရွာသားများကို တစ်အိမ်လျှင်တစ်ယောက်၊တစ်လအတွင်း နှစ်ကြိမ်စီ ရက္ခိုင်တပ်တော်(AA)က အတင်းအဓမ္မလုပ်အားပေး‌
ခေါ် ယူ‌နေကြောင်း သိရသည်။

လူအခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက ဒါကရိုဟင်ဂျာတွေရဲ့လွတ်လပ်မှု၊လုံခြုံမှုကိုထိပါးနေတာဖြစ်တယ်။ ရိုဟင်ဂျာတွေ (စကစ)ရဲ့ အာဏာရှင်အောက်က လွှတ်မြှောက်ခဲ့ပေမဲ့ ယခုအာဏာရှင်(AA) လက်ထဲကျရောက်နေတာဖြစ်တယ်။ယခင်စစ်အာဏာရှင်လုပ်ခဲ့သလို၊ဆွဲတင်စစ်၊ လယ်မြေပိုင်ဆိုင်မှုစာရင်း၊ ကျွဲနွားဆိတ်ပိုင်ဆိုင်မှုစာရင်းတို့ ကောက်ယူနေတာရှိတယ်။ဒါက စစ်အာဏာရှင်ခေတ်အဆက်ဆက်က လုပ်ခဲ့တဲ့ပုံစံမျိုးဖြစ်နေတာတွေ့နေရပါတယ် ပြောကြားခဲ့သည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.