Press "Enter" to skip to content

ကာဒီကျေးရွာမှ အပြစ်မဲ့ရိုဟင်ဂျာတစ်ဦးကို ရခိုင်အစွန်းရောက်များက သတ်ဖြတ်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု ကာဒီကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦး ထင်းရှာထွက်နေစဉ် အစွန်းရောက်များ လက်ချက်ဖြင့် အသတ်ခံရကာ သေဆုံးနေသူ၏ အလောင်းကို ပြိုင်းတောင်ကျေးရွာအုပ်စုရှိ ချောင်းထဲသို့ ပစ်ချထားခဲ့သည်က ရှာဖွေတွေ့ရှိခဲ့ကြောင်း Rohingya Visionသတင်းဌာနသို့ သတင်းပေးပို့ထားပါတယ်။

အစွန်းရောက်များ၏ သတ်ဖြတ်ခြင်းကိုခံရသော အပြစ်မဲ့ရိုဟင်ဂျာတစ်ဦးဖြစ်သူ မူဟမ္မဒ်ဇာကိရ် (ဘ) အုစ်မာန်ဂနီက အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု ကာဒီကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ၂၀၁၉ခုနှစ် ဧပြီလ ၁၅ရက်နေ့တွင် ပြိုင်းတောင်ကျေးရွာအုပ်စု ဒိုင်းနက်ရွာသို့ ထင်းရှာထွက်ရာမှ ပျောက်ဆုံးနေခဲ့တာပဲ ဖြစ်ပါတယ်။

ဧပြီလ ၁၆ရက်နေ့ မနက်ခင်းပိုင်းမှာတော့ ကာဒီကျေးရွာတွင်းနေထိုင်သူများက ဒိုင်းနက်ကျေးရွာမှာ မူဟမ္မဒ်ဇာကိရ်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိတာဖြစ်ပြီး ဒေသခံတွေကတော့ ရခိုင်အစွန်းရောက်များက သတ်ဖြတ်ခဲ့တာဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

သေဆုံးသူ၏မျက်နှာနှင့် ခြေထောက်များတွင် ဓားဒဏ်ရာများကိုတွေ့ရှိရပြီး နားရွက်ကိုလည်း ဖြတ်ထားတာတွေ့ရပါတယ်။ခုလို မြန်မာနိုင်ငံတွင်းနေထိုင်ကြတဲ့ ဒေသခံရိုဟင်ဂျာတွေကို လူမဆန်စွာ သတ်ဖြတ်မှုတွေ ပြုလုပ်နေတာ ဆယ်စုနှစ်တစ်ခုမက ရှိနေပြီပဲ ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်းမှာလည်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အကြောင်းပြပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းစစ်ဆင်ရေးတွေ ဆက်လက်ပြုလုပ်ရာမှာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ရိုဟင်ဂျာအများပြားရှိနေပြီး ပျောက်ဆုံးနေသူများလည်းရှိနေပါတယ်။ ပျောက်ဆုံးနေသူများကိုတော့ အသက်သေဆုံးလျက်သာ အများဆုံးတွေ့ရှိရတတ်တာဖြစ်ပြီး မြန်မာအစိုးရကလည်း ရိုဟင်ဂျာတို့ရဲ့ နှစ်နာမှုတွေကို လျစ်လျူရှုထားတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.