ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ ရိုဟင်ဂျာ မိသားစုနေအိမ်တစ်လုံးပေါ် ဇူလိုင်လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၃:၀၀ ဝန်းကျင်ခန့်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ရိုဟင်ဂျာ(၅)ဦး ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။
အလားတူ မောင်တောမြို့၊ ဗိုလ်မှူးရပ်ကွက်အတွင်း ဒီကနေ့ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ကလေးငယ်(၁)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
ဒဏ်ရာရထားသူတွေရဲ့ အခြေအနေမှာလည်း စိုးရိမ်စရာရှိနေတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဘယ်နေရာကို ခေါ်သွားပြီး ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ မသိဖြစ်နေတယ်လို့ သိရပါတယ်။
“သွေးတွေ အများကြီးထွက်နေတယ်။ ဘယ်ကို ခေါ်သွားရမလဲ ၊ ဘယ်မှာသွားပြရမလဲ ၊ အသက်က ရှူနေသေးတယ်၊ အသက်ရှိနေသေးတယ်” အခင်းဖြစ်နေရာက ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
မောင်တောမြို့နဲ့ သောင်းနဲ့ချီတဲ့ မြို့ခံ ရိုဟင်ဂျာတွေ
မြို့အတွင်းကို စစ်ဘေးရှောင်ရောက်နေတဲ့ သောင်းချီ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လူသားဒိုင်းသဖွယ် မြို့တွင်းထဲ ပိတ်လှောင်ထားသလို AA ကလည်း လူနေရပ်ကွက်တွေထဲ ဒရုန်းဗုံးချတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ စက်လက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ပြီး စစ်မြှူနေတယ်လို့ မောင်တော စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Rohingya Vision News