Press "Enter" to skip to content

မြန်မာဘက်က ကျည်ထိမှန်လို့ ဘင်္ဂလားဒေ့ရှ်ဆယ်ကျော်သက်တစ်ဦး သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

မြန်မာနိုင်ငံဘက်က ကျရောက်တဲ့ မော်တာကျည်ထိမှန်လို့ ဘင်္ဂလားဒေ့ရှ် ဆယ်ကျော်သက်ရွယ်တစ်ယောက်သေဆုံးပြီး လူနှစ်ယောက်ကို ဆေးရုံတင်လိုက်ရတယ်လို့ Independent သတင်းက မနေ့က ဖော်ပြပါတယ်။

သေဆုံးသွားတဲ့ ဆယ်ကျော်သက်နဲ့ တခြားလူတွေဟာ မြန်မာနယ်စပ်နားက နတ်ဖ်မြစ်မှာ ဂဏန်းဖမ်းနေချိန် မော်တာကျည်ထိမှန်တာလို့ ဆိုပါတယ်။ ဆေးရုံကို ပို့ဆောင်ချိန် ကွယ်လွန်သွားတာဖြစ်ပြီး ကျန်နှစ်ယောက်ကို စစ်တကောင်း ဆေးကောလိပ်ကို ပို့ဆောင်လိုက်ပါတယ်။

နယ်စပ်ကိုဖြတ်ဖို့ ကြိုးစားတုန်း ဒီဖြစ်ရပ်ကြုံရတာ ဟုတ်မဟုတ် အာဏာပိုင်တွေက စုံစမ်းနေပြီး မော်တာကျည်က ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးဘူးလို့ဆိုပါတယ်။ ဒါဟာ ဒုတိယအကြိမ်ကြုံရတာဖြစ်ပြီး ၂ဝ၂၂ တုန်းကလည်း မြန်မာဘက်က ကျည်ကျရောက်ပြီး ဆယ်ကျော်သက်တစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာကို ပြင်းပြင်းထန်ထန်ကန့်ကွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောကြားတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.