Press "Enter" to skip to content

မောင်တော ရွာသစ်ကေရပ်ကွက်တွင် နေရာယူထားတဲ့ နယ်ခြားစောင့်ရဲတွေက ရိုဟင်ဂျာများထံမှ ဓားပြလိုလို ငွေလုယူ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်တွင် နခခ(၅)မှ လာရောက် တပ်စွဲထားတဲ့ နယ်ခြားစောင့်ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာများထံမှ လူဆိုးဂိုဏ်လိုလို၊ ဓားပြလိုလို ငွေညှစ်မှု ၊ ငွေလုမှု ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက် ခွာဆုံတွင် မြို့သူကြီးအခြေစိုက် နခခ(၅) တပ်မက လာရောက် နေရာယူ တပ်စွဲထားတဲ့ နယ်ခြားစောင့် ရဲတွေက မောင်တောမြို့ပေါ်၌ သွားလာနေကြတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတာ ရှိ၊ မရှိ ရှာဖွေစစ်ဆေးရေးနေတာကို အကြောင်းပြ၍ လမ်းသွားလမ်းလာ ဒေသခံ ပြည်သူတွေကို တားဆီးတာ နှောက်ယှက်တာနဲ့ ငွေကြေးတောင်းယူတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်တွင် မြို့ဦးရပ်ကွက် ဧတာလျာရွာသားတစ်ယောက်ဟာ မောင်တောမြို့ပေါ်မှ အိမ်ပြန်နေစဥ်
ရွာသစ်ကေရပ်ကွက်တွင် နေရာယူထားတဲ့ နယ်ခြားစောင့်ရဲတွေက တားဆီးကာ ဆိုင်ရောင်းပြီး ယူလာတဲ့ ငွေကျပ် ၁၀ သိန်းကို လူဆိုးဂိုဏ်လိုလို၊ ဓားပြလိုလို လုယူလိုက်ပြီလို့ ရွာခံတွေကပြောပါတယ်။

နယ်ခြားစောင့်ရဲတွေဆိုတာ ရခိုင်တပ်တော်အေအေနဲ့ ထိတွေ့ရင် ခွေးပြေးဝက်ပြေး သွားကြတယ်။ အပြစ်မဲ့ ပြည်သူတွေရှေ့မှာတော့ ကျားလိုလို ခြသေ့်လိုလို လက်နက်အားကိုးပြီး အင်အားပြ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့ပေါ် က တချို့နေရာတွင်လည်း နယ်ခြားစောင့်ရဲများက သွားလာနေကြတဲ့ ပြည်သူတွေကို တားဆီး စစ်ဆေးမှုတွေနဲ့ ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.