Press "Enter" to skip to content

မောင်တောမြို့နယ်၊ ညောင်ချောင်းရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံရိုဟင်ဂျာ တစ်ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ဒေသခံရိုဟင်ဂျာအမျိုးသား တစ်ဦးရဲ့ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၄ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ ညောင်ချောင်းကျေးရွာအနီး လယ်ကွင်းပြင်မှာ နွားကျောင်းဖို့ သွားတဲ့အချိန် စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းကို တက်နင်းမိရာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် နွားကျောင်းသွားတဲ့အသက် ၁၅ နှစ်ခန့်အရွယ် မောင်နူရ်မုစ်တော်ဖာမှာ ခြေထောက်တစ်ဖက် ဒူးအောက်မှ ပြတ်ထွက်သွားတယ်လို့ သိရပြီး လက်ရှိမှာ ဆေးကုသမှုခံယူဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်က ကြီးမားနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အချို့မှာ မကြာခဏဆိုသလို မိုင်းနင်းမိတာနဲ့ ပေါက်ကွဲတာတွေရှိတဲ့အတွက် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေအပါအဝင် အသက်သေဆုံးရသူတွေလည်း ရှိနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်မှုတွေလည်း မြင့်တက်လျက်ရှိနေပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူခဲ့တဲ့ နေရာအနီး ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေထောင်ထားခဲ့တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးဂရုစိုက်သွားလာကြဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း သတိပေးပြောဆိုထားပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.