Press "Enter" to skip to content

မောင်တော လဘောဇားကျေးရွာတွင် စိတ်ဝေဒနာရှင်တစ်ဦးကို အေအေက လူမဆန်စွာ ရိုက်နှက်နှိပ်စက်

မောင်တောမြို့နယ်၊ လဘောဇားကျေးရွာတွင် ဇွန်လ ၁ ရက်နေ့မှာ အေအေလက်နက်ကိုင်အဖွဲ့က အပြစ်မဲ့အရပ်သားတစ်ဦးကို လူမဆန်စွာ ရိုက်နှက်ပစ်ထားကြောင်းသတင်းရရှိသည်။

လူမဆန်စွာ ရိုက်နှက်ခံရသူမှာ ဘောက်ရူးရွာသား အော်ဆီရာဟာမာန်၏သား ဆောယတ်အာမိန် (၃၅ နှစ်ခန့်)ဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။

ဆောယတ်အာမိန်သည် ဇွန်လ ၁ နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် လဘောဇားကျေးရွာသို့ မိသားစု ဝမ်းရေးအတွက် ဆန်သွားရှာနေစဉ် လဘောဇားတွင် လှုပ်ရှားနေသော အေအေ တပ်ဖွဲ့ဝင်များက မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အေအေ တပ်ဖွဲ့ဝင်များက လူမျိုးရေးအငြိုးနှင့် လူမဆန်စွာ စိတ်ကြိုက်ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

” ဆောယတ်အမိန်ဟာ ရိုးရိုးသားသား သာမန်အရပ်သားတစ်ယောက်ဖြစ်တယ်။ စိတ်ဝေဒနာ ခံစားနေရတာလဲ ကြာပါပြီ။ သူက လဘောဇားမှာ ဆန်သွား ရှာနေတာဖြစ်တယ်။ အေအေက သူ့ကို မတရားဖမ်းဆီပြီးတော့ လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခဲ့တယ်။ ဒဏ်ရာဒဏ်ချက်တွေက စိုးရိမ်စရာ အနေအထားရှိတယ်” ဟု ဘောက်ရူးရွာသားတစ်ဦးက ပြောကြားသည်။

အေအေ အောက်ခြေတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ခံများသည် သူတို့ ထိန်းသိမ်းထားသော ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် ဤသို့ ယုတ်မာမှုများကို လိုင်စင်ရထားသကဲ့သို့ မကြာခဏ ကျူးလွန်နေကြောင်း သိရှိရသည်။ ဒေသခံများသည် အေအေ၏ ကြမ်းကြုတ်ရက်စက်မှုများကို ကြောက်ရွံ့လွန်း၍ တိတ်တဆိတ် အောင့်ခံနေသည့်အမှုမှာလည်း မရေမတွက်နိုင်အောင်ရှိလာသည်။ အေအေ အောက်ခြေတပ်ဖွဲ့ဝင်များက တော်လှန်ရေးကို ခုတုံးလုပ်၍ အပြစ်မဲံအရပ်သားများအပေါ် ရာဇဝတ်မှု ကျူးလွန်နေခြင်းမှာ အလွန်အောက်တန်းကျဖွယ် လုပ်ရပ်ဖြစ်သည်။ မွန်မြတ်သော တော်လှန်ရေးကိုပါ နာမည်ပျက်ရာရောက်သည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.