မောင်တောမြို့မြောက်ပိုင်း၊ကျောက်လှေကားကျေးရွာအုပ်စု၊သဲချောင်းကျေးရွာတွင် နေထိုင်သည့် ရိုဟင်ဂျာ ၃ ဦးကို လွန်ခဲ့သည့် မေလ ၃၀ ရက်နေ့ ညနေ ၂ နာရီခန့်က AA အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ပြန်ပေးဆွဲခံရသူ သုံးဦးမှာ_အာဗ်ဒူရော်ဇာခ်(ဘ) ဆော်ယောအာခ်ဘောရ်၊ ဆိုက်ဖုလ်ခေါ်လိမ် (ဘ) အာဗ်ဒူရာဇာခ်နှင့် မူဟာမတ်ဟာမိတ်(ဘ) ဆော်ယိတ်အာခ်ဘောရ် တို့ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ ၎င်းတို့အားလုံးသည် မောင်တောမြို့နယ် မြောက်ပိုင်း ကျော်လှခကျေးရွာအုပ်စု၊သဲချောင်းကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည်။
အာဗ်ဒူရာဇာခ်သည် ကျောက်လှေကားကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာရှိ ဈေးပိုင်ရှင်ဖြစ်ပြီး ဆိုက်ဖုလ်ခေါ်လိမ် သည် ပုစွန်ငါးကန်လုပ်ငန်းရှင်ဖြစ်ကြောင်း၊ မူဟာမတ်ဟာမိတ် သည် မင်္ဂလာကြီးကျေးရွာ၏ ဈေးပိုင်ရှင်ဖြစ်သည်။
Rohingya Vision News