Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း ရိုဟင်ဂျာတွေစိုးရိမ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ဖို့ ရှိနေတာကြောင့် လူရှစ်သိန်းကျော် ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်လို့ AP သတင်းက ဖော်ပြပါတယ်။

မေလ ၂၆ ရက် ဒီနေ့ တနင်္ဂနွေနေ့ညသန်းခေါင်ပိုင်းမှာ မုန်တိုင်းဝင်ရောက်နိုင်ပြီး၊ တစ်နာရီ ၈၅ မိုင်လေတိုက်နှုန်းလောက်အထိ ရိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ပြောထားပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေတဲ့ ကော့ဆက်ဘဇားခရိုင်ကိုလည်း မုန်တိုင်းဝင်ရောက်မှာဖြစ်ပြီး၊ ကော့ဆက်ဘဇားကို သွားလာနေတဲ့ လေကြောင်းလိုင်းတွေကိုလည်း ရပ်နားထားတယ်လို့ သတင်းက ဖော်ပြပါတယ်။

လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မုန်တိုင်းဝင်လာမဲ့ဒဏ်ကို စိုးရိမ်နေကြပြီး၊ စခန်းတွင်း မြေပြိုကျနေတဲ့ နေရာကလူတွေကို အကူအညီပေးရေးအဖွဲ့တွေက ပြောင်းရွှေ့ပေးထားတယ်လို့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာ ကြောက်စိတ်နဲ့ နေနေကြရတယ်။ အခု Signal ၉ အထိ သတိပေးထားတယ်၊ ဒုက္ခသည်စခန်းမှာ အိမ်တွေက ဝါးနဲ့ ဆောက်ထားတယ်ဆိုတော့ မခိုင်ခံ့ဘူး။ လေပြင်းထန်ရင် ခေါင်မိုးတွေ လေယူရာ ပါသွားနိုင်ပြီး မိုးသည်းသည်းမဲမဲ ရွာရင်လည်း ရေလျှံမယ်။ မြေနိမ့်တဲ့နေရာမှာလည်း တဲအိမ်တွေရှိကြတယ်။ ပြီးရင် မြေပြိုပြီး လူတွေနှစ်စဉ်သေနေတော့ ဒါတွေကို စိုးရိမ်နေကြတယ်” လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ မုန်တိုင်းဒဏ်ကာကွယ်ဖို့ ကယ်ဆယ်ရေးစခန်းပေါင်း လေးထောင်ဖွင့်ထားတယ်လို့ ပြောထားပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.