Press "Enter" to skip to content

ဘူးသီးတောင်တွင် ယာဉ်ထိန်းရဲက ရိုဟင်ဂျာယာဉ်မောင်းများကို လုပ်ကြံပြီး ခြိမ်းခြောက်ငွေညှစ်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယာဉ်ထိန်းရဲများက CNG ယာဉ်များ မောင်းနှင်သည့် ရိုဟင်ဂျာများကို လူမျိုးရေးခွဲခြားပြီး နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေကြောင်း ရိုဟင်ဂျာတူဒေး သတင်းအရ သိရှိရပါတယ်။

ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းက ယာဉ်ထိန်းရဲ တစ်ဦးဖြစ်တဲ့ ဒုတပ်ကြပ်ထွန်းထွန်းဦးက cngယာဉ်များ မောင်းနှင်သည့် ရိုဟင်ဂျာတွေကို လစဉ်ကြေး သတ်မှတ်ကာ ယာဉ်တစ်စီးလျင် လစဉ် တစ်သောင်းမှ နှစ်သောင်းကျပ်ထိ ကောက်ခံလျက်ရှိနေပါတယ်။

ထိုသို့ လစဉ်ကြေးကောက်ခံမှုများသည် ရိုဟင်ဂျာမွတ်စလင်များထံမှသာ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေဆီက ကောက်ခံနေခြင်းမရှိပါ။ လူမျိုးဘာသာတစ်မျိုးထဲကိုသာ ပစ်မှတ်ထားပြီး အခကြေးငွေများ မတရားသဖြင့် ကောက်ခံနေခြင်းမှာ ရိုဟင်ဂျာမွတ်စလင်များကို လူမျိုးရေးခွဲခြားပြီး အနိုင်ကျင့်နေခြင်းပဲ ဖြစ်ပါတယ်။

ဧပြီလ ဒုတိယပတ်မှာတော့ ယာဉ်ထိန်းရဲဖြစ်သူ ဒုတပ်ကြပ်ထွန်းထွန်းဦးက အသင့်ပါလာတဲ့  WY စိတ်ကြွဆေးပြား နှစ်ပြားကို မည်သည့် ရန်ငြိုးရန်စမှ မရှိပဲ ငွေညှစ်လိုခြင်း သက်သက်ကြောင့် ဘူးသီးတောင်မြို့နယ် အမှတ်(၂) ရပ်ကွက်မှာနေထိုင်တဲ့ ဦးရှော်ဖိခ်အာမတ်ရဲ့ သားဖြစ်သူ ဦးနူရ်ဖိုင်ဆဲလ် မောင်းနှင်လာတဲ့ ယာဉ်ထဲကို ထည့်ပြီး ဦးနူရ်ဖိုင်ဆဲလ်ကို မူးယစ်ဆေးဝါး သုံးစွဲနေတယ်လို့ မတရား စွပ်စွဲကာ ငွေညှစ်ယူခဲ့ပါတယ်။

ဖေဖေါ်ဝါရီလတွင်လည်း ဘူးသီးတောင်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲများဖြစ်ကြတဲ့ ဒုတပ်ကြပ် ရဲမင်းထွန်း၊ ဒုတပ်ကြပ်ထွန်းကျော်နိုင်၊ ဒုတပ်ကြပ် စံကျော်လှနဲ့ တခြားယာဉ်ထိန်းရဲတွေကလည်း ယာဉ်များမောင်းနှင် သွားလာနေကြတဲ့ ရိုဟင်ဂျာတွေကိုသာ သီးသန့်ပစ်မှတ်ထားပြီး ဖမ်းဆီး ငွေညှစ်မှုတွေကို နေ့စဉ်နှင့်အမျှပြုလုပ်ခဲ့ပါတယ်။

လက်တလောမှာတော့ ဒုတပ်ကြပ်ထွန်းထွန်းဦးက ရိုဟင်ဂျာမွတ်စလင်တွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကို ဘူးသီးတောင် မြို့မရဲစခန်းက စခန်းမှူးက သိပေမယ့်လည်း ဟန့်တားခြင်း၊ အရေးယူခြင်းတွေ မပြုလုပ်ပေးတာကြောင့် ရိုဟင်ဂျာတွေကို သီးသန့်ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့ ခြိမ်းခြောက် ငွေညှစ်မှုတွေ ဆက်လက် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
Photo Credit: Rohingya Today

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.