ရက္ခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် နှင့် ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီမှ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊လေကြောင်းမှ တိုက်ခိုက်ခြင်းများဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်၊၊
မောင်တောြမို့နယ် ရှိ သာယာကုန်းကျေးရွာနှင့် ငွေတောင်ကျေးရွာများသို့ မေလ ၁၂ရက်၊ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ် မြို့သူကြီးအခြေစိုက် တပ်မ၊ နခခ ၅ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး သာယာကုန်းရွာမှ ရွာသား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
“သာယာကုန်းရွာနဲ့ ငွေတောင်ရွာမှာ လက်နက်ကြီး ကျလို့ သာယာကုန်းရွာက ဦးမောင်ဝိုင်းရဲ့ နေအိမ်က ၂ ဦး ဒဏ်ရာရသွားတယ်လို့ကြားပါတယ်။ ငွေတောင်ရွာဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲမှာ လဲလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်၊ ခုလဲ လေယာဥ်သံတွေ ကြားနေရတယ်၊ဘူးသီးတောင်မြို့ပေါ်ကိုလဲဗုံးကျဲတယ်လို့ ကြားရတယ်” ဟု ဒေသခံ တစ်ဦပြောသည်။
စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီနှင့်ပူးပေါင်းသူအကြမ်းဖက်သမားများသည် ၄င်းတို့တပ်စခန်းနှင့် နီးစပ်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် မောင်တောမြို့နယ်ရှိ ဝေသာလီရပ်ကွက်နှင့် ရွှေရင်အေးကျေးရွာမှ လူနေအိမ် ၈၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီး တစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လွန်ခဲ့သည့်သီတင်းပတ်ထဲတွင် စစ်ကောင်စီက ကညင်တော၊ ပေါင်းဇား၊ လဘော်ဇား၊ သရက်အုပ်၊ ဝေသာလီ ကျေးရွာများတွင် လက်နက်ကြီးငယ်၊ တိုက်လေယာဥ်များအသုံးပြု ဗုံးကြဲခဲ့တာကြောင့် ရွာသား များ သေဆုံးမှု ရှိခဲ့သလို နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
လုံခြုံရေးအခြေအနေများ ဆိုးရွားလာမှုကြောင့် ထောင်နဲ့ချီသော ရခိုင်လူမျိုးများ မောင်တောြမို့ ကို စွန့်ခွာပြီး နယ်ကျေးရွာများသို့ ရှောင်တိမ်းခြင်း၊ ဘဂ်လားဒေ့ရှ် နိုင်ငံဖက်သို့ ထွက်ခွာခြင်းများလဲ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရသိရသည်၊၊ ယခုအချိန်ထိ မောင်တောမြို့ပေါ်ရှိ ရိုဟင်ဂျာများ နှင့် ဟိန္ဒူလူမျိုး များ သောင်းချီပိတ်မိလျှက် ရှိနေပြီး၊ စစ်ကောင်စီ စစ်တပ်က မြို့ကို ပိတ်ဆို့ထားသည့် အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နိုင်ကြောင်းပြောဆိုမှုများရှိနေသည်၊၊ ဘူးသီးတောင်မြို့ပေါ်ရှိ ရိုဟင်ဂျာ ၇၀၀၀ ကျော်မှာ အာရက္ခတပ်တော် နယ်မြေစိုးမိုးသည့် နေရာများသို့ ပြောင်းရွှေ့ ခိုလှုံ လျှက်ရှိပြီး အာရက္ခတပ်တော်က လိုအပ်သည်များ ပံ့ပိုးပြီး စောင့်ရှောက်ထားကြောင်း အာရက္ခတပ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့က ဓါတ်ပုံများနှင့် သတင်းထုတ်ပြန်လာသည် ကိုလညိး တွေ့ရသည်။
Rohingya Vision News