ဘူးသီးတောင်မြို့နယ် တောင်ပိုင်းဒေသတွင် AA က ၎င်းရဲ့ အစေခံမဖြစ်ချင်တဲ့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ဖို့ရှာနေကြောင်း သိရပါတယ်။
ဧပြီလ ၁၉ ရက်၊ အင်္ဂါနေ့ ညနေ ၅ နာရီလောက်မှာ AA အဖွဲ့ဝင် ၆ ဦးဟာ လက်နက် ၄ လက်ဖြင့် အတွင်းငှက်သေအုပ်စု၊ သိမ်တောင်ရွာကြီးကို ရောက်ရှိလာပြီး ရှားဒူလ္လား (အသက် ၂၅ နှစ်)ရဲ့ အိမ်ကို ထိုးဖောက်ဝင်ရောက်ကာ ၎င်းကို ပြန်ပေးဖွဲဆွဲဖို့ ရှာဖွေခဲ့ကြောင်း ဆွေမျိုး တစ်ဦးက ပြောပါတယ်။
ရွာသားတွေရဲ့ ပြောပြချက်အရ ရှားဒူလ္လားဟာ လေးစားထိုက်တဲ့ လူကောင်းလူရိုးတစ်ဦးဖြစ်လို့ AA က ၎င်းအဖွဲ့ရဲ့ ဖော်ကောင် အဖြစ်အလုပ် လုပ်ဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့တာကြောင့် ၎င်းကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာပါ။
အလားတူ AA အဖွဲ့က တခြားရိုဟင်ဂျာကျေးရွာအုပ်စုတွေမှာလည်း ၎င်းအဖွဲ့ရဲ့ အစေခံအဖြစ် ဖော်ကောင်အလုပ် လုပ်ဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့တဲ့သူတွေကို ဖမ်းဆီး နှိပ်စက်ဖို့ ခဏခဏ လိုက်လံရှာဖွေနေလို့ ရိုဟင်ဂျာရွာသူ/သားတွေက စိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်၊၊
AA အဖွဲ့ဟာ အစွန်းရောက်ရခိုင်လက်နက်ခိုင်အဖွဲ့တစ်ဖွဲ့ဖြစ်လို့ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာ စစ်တပ်လိုလို အမြဲတစေ ညှဉ်းပန်းနှိပ်စက်ဖို့ နည်းသစ်တစ်ခုပြီးတစ်ခု ဖန်တီးနေတာ တွေ့ရပါတယ်။
Reported By: ArakanGo
Editor- Md. Shuaib