Press "Enter" to skip to content

UNHCR စာရွက်စာတမ်းအတုများ ကိုင်ဆောင်မှု စွပ်စွဲချက်ဖြင့် Jammu-Kashmir တွင် ရိုဟင်ဂျာ ဒုက္ခသည် တစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရ

UNHCR ရဲ့ စာရွက်စာတမ်းအတုများ ကိုင်ဆောင်ထားမှု စွပ်စွဲချက်ဖြင့် ဂျမူး-ကက်ရှ်မီးယားတွင် ရိုဟင်ဂျာဒုက္ခသည် တစ်ဒါဇင်ကျော်ကို အိန္ဒိယရဲများက ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် ၁၁း၃၀ အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်ဟာ အဘူလ်ကာရှီမ်းရဲ့သား ဇာဖေါရ်အာလောမ် ရဲ့ တဲအိမ်မှာ ဝင်ရောက်စီးနင်းကာ UNHCR စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် မိသားစုဝင် ၁၁ ဦးမှ သူ့ကို ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးပြောပါတယ်။

ဇာဖေါရ်အာလောမ်ကို UNHCR မှ ထုတ်ပေးတဲ့ ကတ်ပြားအရင်း

 သူက UNHCR ရုံးမှ တရားဝင် မှတ်ပုံတင်ကတ်ကို ရယူခဲ့တယ်လို့ ရဲကို အခိုင်အမာ ပြောကြားခဲ့ပေမဲ့ ၎င်းတို့က လက်မခံခဲ့ပေ။ ထို့နောက် ရဲတပ်ဖွဲ့က မှတ်ပုံတင်အတု ကိုင်ဆောင်ထားတယ်လို့ စွပ်စွဲပြီး လက်ထိတ်ခတ်ကာ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါမျက်မြင်သက်သေက ဆက်လက်ပြောပါတယ်။

အဖမ်းခံရသူရဲ့ ဆွေမျိုးတစ်ဦးက “သူ့ကို ဖမ်းတဲ့နေ့ကတည်းက အဲဒီ့မှာ ထိန်းသိမ်းထားပြီး နောက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံ Kathua ၊ Jammu ရှိ Hiranagar ရဲစခန်းကို ပို့ဆောင်ပြီး တရားစွဲမယ်” လို့ ဆိုပါတယ်။

အလားတူ မိသားစုဝင်အားလုံး ဒုက္ခသည်အဖြစ် UNHCR စာရွက်စာတမ်း ရရှိထားတဲ့ အခြား ရိုဟင်ဂျာ ဒုက္ခသည် မိသားစုတစ်စု ခိုလှုံရာ စခန်းကိုလည်း ရဲများက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ရဲများက ထိုနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိသားစုတွင် အဖွဲ့ဝင် ခြောက်ဦး – မိခင်၊ ဖခင်၊ သား ၂ ဦးနှင့် သမီး ၂ ဦး ပါ၀င်ကြောင်း အမည်မဖော်လိုသူ ဒုက္ခသည်တဦးက ပြောပါတယ်။

အမိုးအကာထဲသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့ သုံးဦးဖြစ်တဲ့ မိခင်၊ သမီးကြီးနှင့် သားကြီးတို့ကို ရဲတပ်ဖွဲ့က UNHCR စာရွက်စာတမ်းအတုများ အသုံးပြုနေကြောင်း စွပ်စွဲကာ ဖမ်းဆီးခဲ့ပါတယ်။

မိခင်ဖြစ်သူက လက်ထိပ်ခတ်ခံရချိန်မှာတော့ “ရဲနဲ့ လိုက်ဖို့ကလွဲလို့ ဘာနည်းလမ်းမှ မရှိပေမယ့် နို့တိုက်ကျွေးရလို့ ငိုမယ့် ကျွန်မရဲ့ ကလေးကို မထားခဲ့ချင်တာကြောင့် တစ်မိသားစုလုံးကို ဖမ်းဆီးဖို့ ရဲကို ပန်ကြားထားပါတယ်”

ဖခင်ဖြစ်သူ ခါတိဇာ ဘေဂေါမ်ကို UNHCR မှ ထုတ်ပေးတဲ့ကတ်ပြားအရင်း

ဒါပေမယ့် နှလုံးသားမဲ့ရဲတွေက သူမစကားနားမထောင်ဘဲ အပြစ်မဲ့ လူတွေကို အပြစ်ပေးမှာမဟုတ်ဘူးလို့ ပြောပြီး ၎င်းတို့သုံးဦးအား ရဲစခန်းကို ခေါ်သွားခဲ့တယ်လို့ ဒုက္ခသည်က ထပ်လောင်းပြောပါတယ်။

ကလေးကို မနက် ၁၁ နာရီကတည်းက ဖခင်နဲ့ ထားခဲ့ဖို့ အတင်းအကြပ် ခိုင်းစေတာကြောင့်  မိခင်က  မျက်ရည်ကျတဲ့ မျက်လုံးတွေနဲ့ ရဲတွေနဲ့အတူ လိုက်လာခဲ့ပါတယ်။ နာရီအနည်းငယ်ကြာတဲ့အခါ ကလေးကို မိခင်ရဲ့ နို့မတိုက်လို့ စပြီးငိုတော့တယ်။

ညနေ ၅ နာရီခန့်တွင် ဖခင်ဖြစ်သူ ခါတိဇာ ဘေဂေါမ် က နည်းလမ်းရှာမတွေ့သဖြင့် ရိုဟင်ဂျာခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းထဲက လူကြီးတွေနဲ့ ရဲထံသွားကာ ကလေးငယ်အား မိခင်နှင့်အတူ ထိန်းသိမ်းရေးစခန်းတွင် ထားရှိရန် တောင်းဆိုခဲ့ပါတယ်။

ရဲများက နောက်ဆုံးတွင် အယူခံကို လက်ခံခဲ့ပြီး ကလေးအား မိခင်နှင့်အတူ ထိန်းသိမ်းရေးစခန်းတွင် ထားရှိခဲ့ကြောင်း ဒုက္ခသည်က ဆက်ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းအပြန်လမ်းမှာ ရိုဟင်ဂျာအမျိုးသားတစ်ဦးကိုလည်း ပြီးခဲ့တဲ့ တနင်္လာနေ့က အလားတူစွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ အခြားဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဒုက္ခသည်များ အဆိုအရ UNHCR မူရင်း သက်သေခံကတ်ပြားပါရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်ဒါဇင်ကျော်ကို ဂျမူး-ကက်ရ်ှမီးယားတွင် သုံးရက်အတွင်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဒေသတွင်းရှိ မွတ်ဆလင်ဆန့်ကျင်ရေး နိုင်ငံရေးသမားနှင့် ရဲများဟာ ရိုဟင်ဂျာဒုက္ခသည်များကို မွတ်ဆလင်ဖြစ်ခြင်းကြောင့် နှောင့်ယှက်ညှဉ်းပန်းနှိပ်စက်ရန် ကြံစည်နေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျမူး-ကက်ရှ်မီးယားရှိ ရိုဟင်ဂျာဒုက္ခသည်များဟာ အိန္ဒိယရဲများရဲ့ မမျှော်လင့်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူများမှ ၎င်းတို့အား အမြန်ဆုံး ကယ်ဆယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ စိတ်အားထက်သန်စွာ တောင်းဆိုအပ်ပါတယ်။

Reported By: Staff Correspondent

Editor- Md. Shuaib

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.