Press "Enter" to skip to content

မောင်တောမြောက်ပိုင်းမှာ အစိုးရမှ ကလေးတွေအတွက် ထောက်ပံ့ခဲ့ တဲ့ငွေအချို့ ကျေးရွာတာဝန်ခံတွေက ဝါးမျိုစားခဲ့

ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်းပေါင်းဇား(အာရှီးခါးဖာရာ)ကျေးရွာအုပ်စု၊ပေါင်ဇားရွာနဲ့ပြင်ဖြူရွာတွေမှာ အစိုးရမှ အာဟာရချို့တဲ့မှုကို ခံစားနေရတဲ့ ကလေးတွေအတွက် ထောက်ပံ့ခဲ့တဲ့ ငွေအချို့ ကို  ကျေးရွာတာ ဝန်ခံတွေက ဝါးမျိုစားခဲ့ကြောင်း သိရပါတယ်။

အဆိုပါကျေးရွာနှစ်ခုမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်က အစိုးရမှ (၂-နှစ်)အောက်ကလေးနဲ့ (၂-နှစ်) အထက်ကလေးတွေကို ထောက်ပံ့ခဲ့တဲ့  ငွေတွေကို ကလေးအားလုံးက ရရှိမှုမရှိခဲ့ကြောင်း၊ အခွင့်ထူးဆုံးရှုံးခဲ့တဲ့ ကလေးတွေရဲ့   မိဘတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဦး နော်ဂျုး မူလ်ဟာဆောင်းနဲ့  ထွေ/အုပ်စာရေးထံ တင်ပြခဲ့ရာ ၎င်းတို့က  စာရင်းတွင် အမည်မပါ ခဲ့လို့ ငွေရမှာမဟုတ်ဘူးလို့  ခြိမ်းခြောက်ပြောဆိုကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။

အစိုးရက အာဟာရချို့တဲ့မှုကို ခံစားနေရတဲ့ နှစ်နှစ်အောက် ကလေးတွေအတွက်ငွေ ၄၅၀၀၀ ကျပ်စီပေးထားပေမဲ့ ငွေလက်ခံရ ရှိတဲ့ ကလေးတွေမှ ငွေ ၅၀၀၀ ကျပ်စီကို ၎င်းတို့နှစ်ဦက ကိုယ်ကျိုးအတွက်ဖြတ်ယူခဲ့ကြောင်း ပြောဆို ပါတယ်။

ဒါ့အပြင်(၂-နှစ်)အထက်ကလေးတွေအတွက်အစိုးရမှ ထောက်ပံ့ထားတဲ့ ငွေ ၁၅၀၀၀ ကျပ်စီမှ ငွေ ၃၀၀၀   ကျပ်စီ ဖြတ်ယူခဲ့ပြီး ဝါးမျိုစားခဲ့ကြောင်း အဆိုပါ ရွာသားက ပြောပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးမှု ဦးနော်ဂျုးမူလ်ဟာဆောင်းနဲ့ ၎ င်းရဲ့ ထွေ/အုပ်စာရေးတို့နှစ်ဦးဟာ အစိုးရမှ  ထောက်ပံ့ တဲ့ငွေ တွေကို  အလွှဲသုံးစားခဲ့ခြင်း၊  အခွင့်အာဏာကိုအလွှဲသုံးစားလုပ်ခြင်းနဲ့ မလျော်မကန်ဩဇာသုံးခြင်းရာ ရောက်လို့  ၎င်းတို့ ကိုတာဝန်ရှိလူကြီးမင်းများအနေဖြင့်စုံးစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူပေးပါရန်ရွာသားများက တောင်းဆို ပါတယ်။

Reported By: Maung Wunna

Editor- Md. Shuaib

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.