မတ်လ ၃၁ ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊မောတောမြို့မြောက်ပိုင်း ဦးရှဉ့်ဂျားကျေးရွာတွင် မောင်တောမြို့ကြေး တိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေးအဖြစ်ခန့်အပ်တဲ့ ဦးထွန်းချေဟာ အ ကြောင်းအမျိုးမျိုးဖြင့် ရိုဟင်ဂျာများမှ အဆမတန်ငွေညှစ် နေကြောင်း သိရပါတယ်။
မြေတိုင်းစာရေးဦးထွန်းချေက အခုကတေ့ာ ရွာသားများဟာ အိမ်ပြုပြင်မွမ်းမံပါက ပုံစံ(၁၀၅) လိုအပ်မယ်လို့ ခြိမ်းခြောက်ပြီးသော်လည်းကောင်း၊ အိမ်အသစ်ဆောက်လုပ်ပါကပုံစံ(၁၀၅)ထုတ်ပေးရမယ်လို့ အကြောင်းပြပြီး သော်လည်းကောင်း အိမ်တစ်အိမ်လျှင်ငွေကျပ်( ၅ သိန်း)ကျော် အတင်းအကျပ်ငွေညှစ်နေကြောင်း ဒေသခံများက ပြောပါတယ်။
ဒေသခံတစ်ဦးက “ အပင်ပန်းခံပြီးချွေးကျလို့ရှာရတဲ့ ငွေနဲ့ ကိုယ့်အိမ်ကိုယ်ဆောက်တာ။ ကိုယ့်မိသားစုက လုံလုံ ခြုံခြုံနေနိုင်ဖို့အတွက်ပဲနော့်။ အိမ်တစ်အိမ်ဆောက်လုပ်ခွင့်ရဖို့သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာ၊မီးသတ် ဦးစီးဌာနရဲ့ထောက်ခံစာနဲ့လဝကရဲ့ထောက်ခံစာ ယူရတယ်။ အရင်က ပုံစံ(၁၀၅)ရယူဖို့ ငွေ(၁-သိန်း)ကျပ်ကုန်ကျတယ်။ အခုစီးပွားရေးအဆင်မပြေဘူး။ NGOအဖွဲ့တွေ ရဲ့ထောက်ပံ့မှုနဲ့ရပ်တည်နေရတဲ့အချိန်မှာ စာရေးတစ်ဦးက အဆမတန် ငွေညှစ်နေတာဟာ အင်မတန် ဖိနှိပ်ချုပ်ချယ်တဲ့ဖြစ်ရဲ့တစ်ရပ်ပဲ” လို့ ပြောဆိုပါတယ်။
ဦးထွန်းချေဟာ မြေခွန်ပြေစာအမည်ပြောင်းဖို့ ရွာသားများမှ အတိုင်းထက်အလွန် ငွေကြေးတောင်းခံနေကြောင်း၊ ၎င်းနှင့်အတူအဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း-ဦးဆီရာဇ်၊လက်ရှိအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်ဖြစ်သူ-ဦးရော်ဖိခ် လည်းပါဝင်ကြောင်းသိရပါတယ်။
အဆိုပါရုံးဝန်ထမ်းများကိုအနီးကပ်စောင့်ကြည်နေသူတစ်ဦးက”ဒီမြေတိုင်းစာရေးက ပြည်သူ့ လစာယူပြီး တာဝန် ကျေပွန်တာ မရှိတော့ဘူး။ ပြည်သူကိုအလုပ်အကျွေးမပြုဘူး။ တာဝန်ကျတဲ့ကျေးရွာတွေကို တစ်နှစ်မှတစ်ခါ(သို့) နှစ်ခါပဲသွားတာရှိတယ်။မြေယာနယ်နိမိတ်နဲ့ အငြင်းပွားမှုတစ်ခုခုဖြစ်လာရင် သူဖြေရှင်းတာမရှိဘူး။ ရွာသားတွေမှာ ဖြေရှင်းရတယ်။ သူက ရုံးကို ရောက်လာတာနဲ့ ငွေညှစ်တာပဲ။” လို့ ဝေဖန်ပြောဆိုပါတယ်။
ဒါကြောင့် ဒီလိုအကျင့်ပျက်ခြစားနေတဲ့ဝန်ထမ်းတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူပေးဖို့ ဒေသခံများက တောင်းဆိုကြပါတယ်။
Reported By: Maung Htay
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်