မတ်လ ၂၀ ၊ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမွတ်ဆလင်တွေကို သတ်ဖြတ်နှိမ်နင်းရာတွင် မြန်မာ စစ်တပ်နဲ့ အတူယှဉ်ပြိုင်နေတဲ့ AA ဟာ အဓမ္မလုပ်အားခိုင်းစေမှုအပါအဝင် ရိုဟင်ဂျာ တွေကို နှိပ်စက်သတ်ဖြတ်ရေးနည်းမျိုးစုံမှာ စစ်အစိုးရနဲ့ဆင်တူ နေကြောင်း ရိုဟင်ဂျာ ရွာသူ/သားတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်အုပ်စု၊ ရေချမ်းပြင်ကျေးရွာတွင် မတ်လ (၁၇) ရက်နေ့မှာ ရိုဟင်ဂျာ ၂၅ ဦးကို ကွန်းကီးနယ်တွင်းရှိ AA စခန်းတွင် အဓမ္မလုပ်အား ပေးခိုင်းကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
AA အဖွဲ့က ၎င်းတို့ရဲ့ ကော်မတီဝင်ကျေးရွာအုပ်ချုပ်ရေးမှုတွေမှတဆင့် အားကိုးရာမဲ့ ရိုဟင်ဂျာတွေကို ဆင့်ခေါ်ခိုင်း နေကြောင်း၊ AA အဖွဲ့ဝင် တွေက ရခိုင်လူမျိုးဖြစ်လို့ ရခိုင်တွေကို လုပ်အားပေးခိုင်းခြင်း မရှိဘဲ လူမျိုးနဲ့ဘာသာရေး အရ ခွဲခြားဆက်ဆံတဲ့စိတ် ဓာတ်နဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကိုသာ အဓမ္မလုပ်အား လုပ်ခိုင်းတဲ့အပြင် လူမျိုး သုတ်သင်ရေးနည်းမျိုးစုံဖြင့်လည်း နှိပ်စက်သတ်ဖြတ်ဖို့ ရှင်းရှင်းလင်းလင်းအစီစဉ် ဆွဲထားပြီဖြစ်ကြောင်း ဒေသခံ တွေက ပြောပါတယ်၊၊
ရခိုင်ပြည်နယ်မှာ အစိုးရရဲ့အုပ်ချုပ်ရေးကဏ္ဍတွင်ပါဝင်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှု တွေဟာ AA ရဲ့ ကော်မတီ ဝင်ဖြစ်ပြီး ၎င်းအဖွဲ့ရဲ့ လိုလားချက်တွေကို ပြည့်ပေး နေတဲ့အပြင် အောင်မြင်မှုရအောင် လမ်းပြပေးသူတွေ လည်းဖြစ်ကြောင်း သိရပါတယ်။
Reported By: ArakanGo
Edited By: Md. Shuaib