မတ်လ ၂၀ ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ UEHRD အစီအစဉ်ဖြင့်ပြန်လည် လက်ခံခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် မိသားစု ၁၁ စုကို အခု အဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားနေကြောင်း သိရပါတယ်။
၂၀၁၇ ခုနစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် နယ်မြေရှင်းလင်းရေလုပ်ဆောင်မှုကြောင့် အိုးအိမ်စွန့်ခွာပြီး အသက် ဘေးမှလွှတ်မြှောက်ဖို့ တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့သွား ရောက်ခိုလှုံခဲ့တဲ့ မောင်တောမြို့မြောက်ပိုင်းဦးရှဉ့် ဂျား(ဘူရားရှီးဒါဖာရာ) ရွာမှ လူဦးရေ ၃၂ ဦးပါ မိသားစု ၁၁ စုဟာ ၂၀၂၁ ခုနစ်၊ ဇန်နဝါရီလတွင်မြန်မာ အရပ် သားအစိုးရ (UEHRD)ထံ မိမိရဲ့ မူလနေရပ်တွင် ပြန်ဝင်လာရန်အတွက် တရားဝင်လျှောက်ထားခဲ့ပြီး အဲဒီအစိုးရဲ့ အစီအစဉ်ဖြင့်ပြန် လည်ဝင်ရောက်လာခဲ့ကြောင်း ဒေသခံတွေက ပြောပါ တယ်။
မြန်မာအကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနစ်တွင် အရပ်သားအစိုးရမှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့လို့ UEHRD အစီ အစဉ်ပျက်ပြားခဲ့သဖြင့် အဲဒီမိသာစုတွေက ရွာထဲတွင် ပိတ်လှောင်ခံ ရပြီး တစ်ရွာမှတစ်ရွာသို့ သွားလာခွင့်၊ ဆေးကုသခွင့်၊ ပညာသင်ယူခွင့်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံခဲ့ရကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် ငါးခူရအခြေစိုက် နယ်မြေ(၅) နယ်ခြားစောင့်ရဲရုံးမှ နယ်ခြားစောင့်ရဲ၊ မကဖ (လဝက)နဲ့ နခခ တွေပူးပေါင်း ပြီး၂၀၂၂ ခုနစ်၊ မတ်လ ၁၅ ရက်၊နံနက် (၈နာရီ)အချိန်တွင် ဦးရှဉ့်ဂျားကျေးရွာသို့ရောက်ရှိလာပြီး အဲဒီမိသားစု ၁၁ စုကို ပြန်လည်လက်ခံရေးစခန်းမှ ပြန်လည်အဝင်ခံတဲ့ စာရင်းတင်သွင်းဖို့ လိုအပ်တယ်လို့ လိမ်လည်အကြောင်းပြကာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ခေါ်ယူစုဆောင်းခဲ့ပြီးမှ ငါးခူရနယ်ခြားစောင့်ရဲစ ခန်းတွင်ဖမ်းဆီးထိန်သိမ်း နေကြောင်း မျက်မြင်သက်သေတွေက Rvision ကို ပြောပါ တယ်၊၊
၂၀၂၂ ခုနစ်၊ မတ်လ ၁၇ ရက်တွင်အသက်(၁၈နှစ်)မပြည့်တဲ့ ကလေး ၁၂ ဦးကို နယ်ခြား စောင့်ရဲက ၎င်းတို့ရဲ့ ဆွေးမျိုးတွေထံအပ်နှံခဲ့ကြောင်း၊ အသက်(၁၈နှစ်) အထက်ရှိ အမျိုး သား/သမီး ၁၇ ဦးကို မောင်တော ခရိုင်ပြည်သူဆေးရုံတွင် ကိုဗစ်ကာကွယ်ဆေးထိုး ပြီးမှ နို့စို့ကလေး ၃ ဦးပါ အမျိုးသမီးတွေကို မောင်တောမြို့မ ရဲစခန်းတွင် ချုပ်နှောင်ခဲ့ပြီး အမျိုးသားတွေ ကိုမြို့ သူကြီးအခြေ စိုက် နခခ တပ်ရင်းတွင် ဆက်လက်ချုပ်နှောင် ထားနေကြောင်း၊ တဖန် မတ်လ ၃၁ ရက်တွင် အသက်ပြည့်တွေကို တရားရုံးတင်မယ်လို့ ဒေသခံများထံမှ သိရပါ တယ်။
တရားရုံးမတင်ခင် အဲဒီမိသားစုတွေကို ၁၄ ရက် တိုင်တိုင်အချုပ်ခန်းတွင် ချုပ်နှောင် ထားရမှာဖြစ်လို့ ၎င်းတို့ရဲ့ စားစရိတ်အတွက်တစ်ဦးလျှင်ငွေ ၃၆၀၀၀ ကျပ်စီ သက်ဆိုင်ရာ နယ်ခြားစောင့်ရဲတွေက ဆွေးမျိုးတွေမှတောင်း ခံနေကြောင်းသိရပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်