မတ်လ ၁၅၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ရခိုင်သား ဦးညီညီ (၃၉နှစ်)က မော်တော် ယှဉ်ပြုပြင်ပြီး အသက်မွှေးဝမ်းကျောင်းပြုနေတဲ့ ရိုဟင်ဂျာ ဆိုင်သမား တွေကို ထိုးနှက်ပြီး ခေါင်းပုံဖြတ်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ရခိုင်သားက မောင်တော မြို့မအရှေ့ရပ်ကွက်ဇာတိ ဖြစ်ကြောင်း၊ ၎င်းသူဟာ အရင်ကစက်လှေ မောင်းပြီးအ သက်မွေးဝမ်းကျောင်းခဲ့သူတစ်ဦးဖြစ်ပြီး အခုကတော့ တရားမဝင်မူးယစ်း ဆေးဝါး လုပ်ငန်းဖြင့်ကြီးပွားချမ်းသာလာပြီး KNN သောက်ရေသန့်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း ဆိုင်သည်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဦးညီညီဟာ ၂၀၂၀ရွေးကောက်ပွဲတွင်ပြည်နယ်လွှတ်တော်အဖြစ် မောင်တော မြောက်ပိုင်းမဲဆန္ဒ တစ်နေရာ အတွက်တသိပုဂ္ဂလဝင်ရောက်ယုဉ်ပြိုင်သူတစ်ဦဖြစ်လို့ သူက ဌာနအားလုံးရဲ့အာဏာကို အလွဲသုံးစားနေသူတစ်ဦးပါ။
အဲဒီရာဇဝတ်ကောင်မှာ မဟာဗန္ဓူလလမ်း၊ SB ရုံးရဲ့လိုင်းတန်းတွင် သောက်ရေ သန့်ဖြန်ချိရေးဆိုင်တစ်ဆိုင် တည်ရှိကြောင်း၊ အဲဒဒီဆိုင်ရဲ့ ဆန့်ကျင်ဘက်မှာ ရိုဟင်ဂျာ တွေလုပ်ကိုင်တဲ့ ကားပြင်ဆိုင်နဲ့ မော်တော်ဆိုင်ကယ် ပြင်ဆိုင်တွေရှိကြပါတယ်။
သူ့ကားနဲ့ဆိုက်ကယ်တွေကို ပြုပြင်လိုရင် ရိုဟင်ဂျာတွေရဲ့ ဆိုင်တွေမှာ သွားရောက်တာ နဲ့ သူ့ကိုဦးစာပေးရကြောင်း၊ မပြင်နိုင်ဟုငြင်းဆန်ခဲ့ပါက ဆိုင်သမားတွေကို ကိုယ်ထိလက် ရောက်စော်ကားခြင်း၊ဆဲဆိုကြိမ်းမောင်းခြင်း တွေလုပ် ဆောင်ကြောင်း၊လုပ်အားခတွေကိုလည်းချက်ချင်းလက်ငင်းပေးအပ်ခြင်းမရှိလို့ တစ်ဦးဦးကလုပ်အားခတောင်း ခံပါက တောင်းခံသူကို ထိုးနှက်လေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
မြို့ခံတစ်ဦးက “ဦးညီညီဟာ ဘာသာခြား မူဆလင်တွေကို မုန်းတီးသူ တစ်ဦးဖြစ်တယ်။ အပြောအဆိုလည်းတော် တော့်ကို ကြမ်းတမ်းတယ်။ တခြားလူတွေ သူ့အရင်လာရင်လည်း သူရဲ့အလုပ်တွေကို အရင်ချက်ချင်းလုပ်ပေးရ တယ်။ လုပ်ခလည်း မတောင်းနိုင်ဘူး။ သူ့မှာ ပေးချင်ရင်ပေးမှာပေါ့။ ရိုဟင်ဂျာတွေက သူ့ကျေးကျွန်လိုဖြစ်နေပြီ။ ဌာန ဆိုင်ရာ တွေလည်း သူ့အိတ်ကပ်ထဲမှာဖြစ်လို့ တို့ရိုဟင်တွေကို အနိုင်ကျင့်နေတာပါ” လို့ ပြောပါတယ်။
မတ်လ ၁၁ရက်၊ နံနက် ၃ နာရီ အချိန်တွင် ဦးညီညီက ဘော်ဒီစပရင်းချိုးသွားတဲ့ ကား တစ်စီးနဲ့ ရိုဟင်ဂျာပိုင် ဂဟေ ဆိုင်တစ်ဆိုင်မှာ ဂဟေဆော်ဖို့ သွားရောက်ခဲ့ကြောင်း၊ ဂဟေ ဆော်ဆရာ မြို့မကညင်တန်ရပ်ကွက်ဇာတိ မူဟာ မတ်အာဂျုး (၃၀နှစ်)က ငွေ(၇၀၀၀) ကျပ် တောင်းခံခဲ့ရာ သူက အဆမတန်တောင်းခဲ့ဟု ဆဲဆိုကြိမ်းမောင်းပြီး ပါးရိုက်ခဲ့သလို၊ စပရင်းသံပြားဖြင့်ရိုက်သည့်အတွက်ခြေထောက်တဘက်တွင် ပြင်းထန်စွာဒဏ် ရာရရှိ ခဲ့သဖြင့် ဆိုင်ကိုလာရောက်ပြီးအလုပ် မလုပ်နိုင်ကြောင်း ဆွေမျိုးတစ်ဦးက ပြောပါတယ်။
Reported By: Kyaw Swa Min
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်