ဖေဖေါ်ဝါရီလ ၂၈ ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင် ရိုဟင်ဂျာ လူနာတွေကို ဝန်ထမ်း တွေက လူမျိုးနဲ့ဘာသာရေးအရ ခွဲခြားဆက်ဆံတဲ့အပြင် မကြာခဏ ဆဲဆိုနေကြောင်း သိရပါတယ်။
မောင်တောမြို့တောင်ပိုင်းညောင်ချောင်း(ကာဒီဘီးလ်)ကျေးရွာဇာတိ ဦးဆွေယောတ် အာလောမ်ရဲ့ သမီး မရူဘီနာ (၁၇နှစ်) ဟာ မကျန်းမမာဖြစ်လို့ ဇန်နဝါရီလမှာ မောင်တော ခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူဖို့ တက်ရောက် ခဲ့ပါတယ်။
ဆေးရုံမှာ နှစ်ပတ်လောက်ကြာကြာ ဆေးကုသမှုခံယူခဲ့ပေမဲ့ လူနာရဲ့ကျန်းမာရေး အခြေ အနေ တိုးတက်လာခဲ့ခြင်း မရှိဘဲ ဆေးကုသမှု ကုန်ကျစရိတ်လည်း ၁၂ သိန်းကျပ် ဖြစ်လာလို့ မိသားစုက လူနာရဲ့ ဆေးကုသမှု ကုန်ကျစရိတ် နောက်ထပ် မတတ်နိုင်တဲ့အတွက် ဆေးရုံ မှဆင်းရန်ဆေးရုံတာဝန်ခံများအားတင်ပြခဲ့ကြောင်း။
ဆေးရုံရဲ့ ဆေးထုတ်ပေးရေတာဝန်ခံ မြစန္ဒာက ၎င်းလူနာစောင့်ဖြစ်သူ မိခင်မှငွေ ၈ သိန်း ကျပ်ထပ်မံတောင်းခံသဖြင့် ၎င်းက “ကျွန်မက အလွန်ဆင်းရဲလို့ တောင်းခံတဲ့ငွေ ပေးရန် စွမ်းရည်မပါဘူး” လို့ပြောဆိုခဲ့ရာ မြစန္ဒာက “ဒီကုလား တွေ ဘာမှနားမလည်၊ ငွေမပေးရင် ဆေးရုံဆင်းခွင့်ပြုမယ်မဟုတ်” စသည်ဖြင့် အော်ဟစ်စော်ကားခဲ့ပြီး ၎င်းကိုပါး ရိုက်မယ်လို့ လူအများ ရှေ့မှောက်တွင် လူမဆန် ရိုင်းစိုင်းစွာ ဆက်ဆံခဲ့ကြောင်း လူနာရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။
မြစန္ဒာဟာ ရိုဟင်ဂျာလူနာနဲ့ လူနာစောင့်တွေကို အမြဲတစေ ခွဲခြားဆက်ဆံ သူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
အဆိုပါဆေးရုံတွင်ဆေးကုသမှုခံယူပြီးဆင်းလာတဲ့လူနာစောင့်တစ်ဦးက “ကျနော်ရဲ့ လူနာကခွဲစိတ်ဆရာဝန်ရဲ့ လူနာဖြစ်တယ်။ ဆေးရုံသူနာပြုတွေက ဆေးထုတ်ယူဖို့ ပြောတော့ မြစန္ဒာ ထိုင်တဲ့အခန်းဆီ သွားရောက် တာနဲ့ တန်စီးခဲ့ရတယ်။ သဌေးဆီဆင်းရဲ သားတွေအလှုခံဖိုသွားသလို ဦးချပြီးတော့သွားခဲ့ရတယ်။”
လူတယောက်ကနာမည်မှားပြီးတော့ ဆေးယူပြီး နောက်တခါလာပြီးပြောတော့ သူမနဲ့ သူမလက်ထောက်စာရေးမက အင်မတန် ယုတ်မာကြမ်းတမ်းစွာဆဲဆိုခဲ့ပေမဲ့ ဆေးလည်း ထုတ်ပေးတာမရှိကြောင်း၊ သူတို့က ဆေးပေးရင်လည်း လက်ချင်းမပေးဘဲ ဝေးပစ်ပေးလို့ ဝေပစ်တဲ့နေရာကနေ ကောက်ယူရကြောင်း၊ အဲဒီ အမျိုးသမီးဟာ လူကို လူလိုမမြင်၊ အကျင့်ဆိုး ယုတ်မာသူ တစ်ဦးဖြစ်လို့ သူမကို သက်ဆိုင်ရာမှ အမြန်ဆုံးထိရောက်စွာ အရေးယူသင့်ကြောင်း လူနာစင့်တချို့က ပြောပါတယ်။
ဆေးရုံရဲ့ ခွဲစိတ်ဆရာဝန်နဲ့အရိုးအထူးကုဆရာဝန်များရဲ့ လူနာထားရှိတဲ့ အဆောင်များ တွင်တာဝန်ကျ ဟိန္ဒူ ဂိတ် စောင့်များဟာ ရိုဟင်ဂျာများကို`ကုလား’ လို့ အနိုင်ကျင့် ပြောဆိုနေကြောင်း၊ လူနာစောင့်များ နောက်ကျခဲ့ပါက အဆိုပါအဆောင်များရှိတံခါးများ ကိုပြန်ဖွင့် ပေးခြင်းမရှိကြောင်း လူနာစောင့်များက ပြောပါတယ်။
ထို့အပြင်သန့်ရှင်းရေဝန်ထမ်းများဟာလည်း ရိုဟင်ဂျာလူနာနဲ့လူနာစောင့်များကို အမှိုက်ကောက်ရန် မထီမဲ့မြင်မှုများ ပြုလုပ်နေကြောင်း မြို့ခံအများကပြောဆိုသည်။
လူနာ မရူဘီနာမှာ ငှက်ဖျားရောဂါးပိုးဦးနှောက်ထိလို့ ဆေးရုံတွင် ၎င်းကကျွဲအော်နွားအော်လို အော်မြည်လျက်ရှိခဲ့ ကြောင့် ၎င်းကိုဆရာဝန်များက အလေးပေးကုသခဲ့ခြင်းမရှိကြောင်း၊ ၎င်းသည်ဖေဖော်ဝါရီလ ၃ ရက်တွင်ဆေးရုံမှ ဆင်းလာခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်တွင်သေးဆုံးခဲ့ကြောင်း၊ မိသားစုက ၎င်းရဲ့ဆေးကု သမှုစရိတ်ကို ရွာသားများ မှအလှုတောင်းခံပြီး ပေးဆပ်ခဲ့ကြောင်းသိရပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်