ဖေဖေါ်ဝါရီလ ၁၄ ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်တွင် ရိုဟင်ဂျာနေအိမ်မီးတင်ရှို့တဲ့ ရခိုင်တစ်ဦးကို အဏာပိုင်တွေက အရေး မယူဘဲ လွှတ်ထားနေလို့ ပြစ်မှုတိုးလာနိုင်ပြီး လူမျိုးနှစ်မျိုးကြား ပြဿနာတစ်ခုခု ပေါ်လာနိုင်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်၊ ည ၁၂ နာရီအချိန်တွင် အသက်(၄၀)ခန့်ဖြစ်တဲ့ကိုယ်ခန္ဓာဝဝနဲ့ အသားမဲ ရခိုင်တစ်ဦးက တုတ်နဲ့ဓါးချွန်ကိုင်ဆောင်လာပြီး မောင်တောမြို့ ရွာသစ် ကျေး ရွာအုပ်စုရှိ ရိုဟင်ဂျာပိုင်သရက်ခြံကို ပြုစု စောင့်ရှောက်နေတဲ့ ရိုဟင်ဂျာမိသားစုကို နှင်ထုတ်ခဲ့ကြောင်း။
ဒါ့အပြင် ၎င်းရခိုင်လူရိုင်းက ခြံစည်းရိုးနဲ့ ထဲအိမ်ကို ဓါတ်ဆီလောင်ပြီးမီးရှို့ခဲ့ရာ ပြုစုစောင့် ရှောက်သူတွေက အော်ဟစ်၍ ပတ်ဝန်းကျင်ကိုအကူအညီတောင်းခံခဲ့ရာ ရွာသားများက သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သဖြင့် အလိုတော်ပြည်ကျောင်းအနီးနယ်ခြားစောင့်ရဲ ကင်းစခန်းမှ ရဲတွေရောက်ရှိလာပါတယ်။
ရဲတွေက ၎င်းကိုတားခဲ့ရင်လည်း ၎င်းကပြန်လည်တုံပြန်ခဲ့လို့ မြို့မရဲစခန်းမှနယ် ထိန်းရဲ အဖွဲ့နဲ့ စရဖတို့ ရောက်ရှိလာပြီး ၎င်းကိုလက်ထိပ်ခတ်ပြီးဖမ်းဆီးခေါဆောင်ခဲ့ပေမဲ နောက် ဆုံးမှာတော့ အာဏာပိုင်တွေက ၎င်းဟာ ရူးနေတဲ့ လူတစ်ယောက်လို့ ပြောဆိုပြီး ချက်ချင်း လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေက Rvision ကိုသတင်းပို့ပါတယ်။
မီးရှို့ခံသရက်ခြံဟာ မောင်တောမြို့ နယ်စပ်ဒေသတိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးကျောင်းရဲ့ မြောက်ဘက်နဲ့ ရပ်ကွက်(၅)၊ ရွာသစ်ကျေးရွာအုပ်မှ ဦးရော်ဖိခ် (ဖော်ရီးဟားလက်ဘရည်ဆိုင်ရှင်)ပိုင်ဆိုင်တဲ့ နေအိမ်ခြံဝင်းနဲ့ကပ်လျက်ရှိပါတယ်။
အဆိုပါသရက်ခြံကို ခြံစည်းရိုးကာပြီး ပြုစုစောင့်ရှောက်ရန် နုရ်ဟာဆောင်း(၂၇နှစ်) ဟာ ယာယီတဲအိမ်တစ်လုံး ဆောက်ကာ မိသားစုဝင် ငါးဦးနဲ့အတူ နေထိုင်လျက်ရှိတယ်။
ရခိုင်လူရိုင်းရဲ့ မီးရှို့ခဲ့မှုကြောင့် သရက်ခြံရဲ့ ခြံစည်းရိုအပါအဝင် တဲအိမ်မှ ရေချိုးခန်း လည်းမီးရှို့ဖျက်ဆီး ခံရကြောင်း ဒေသခံတွေက ထပ်ပြောပါတယ်။
ဒေသခံတစ်ဦးက “သူဟာအရူးဖြစ်ရင်လည်း ပြစ်မှုကျုးလွန်လို့ သူ့ကိုဖမ်းဆီးထိန်းသိမ်း ထားဖိုလိုအပ်တယ်။ ဒါပေမဲ့ အခု သူ့ကိုတော့ ရဲတွေကပြန်လွှတ်ပေးလိုက်တာဟာ ပြဿ နာ ဖန်းတီးနိုင်ဖို့ အခွင့်ကောင်းပေးသလိုပဲ။ ဒါကြောင့် ညကျရင် ကျွန်တော်တို့ မအိပ်ဘဲ နိုးနိုးကြားကြားနေရတယ်။ တော်တော် စိုးရိမ်ဖို့ကောင်း တယ်ဗျာ” လို့ ပြောဆိုပါတယ်။
ဒီရိုင်းတဲ့ရခိုင်သားက ရွာသစ်ကျေးရွာဇာတိ ကုန်တင်ကုန်ချတစ်ဦး ဖြစ်သူ ဦးဇော်ကော် ရီယာ ကိုလည်းရိုက် နှက်ခဲ့ကြောင်း မျက်မြင် အလုပ်သမားတစ်ဦးက ပြောပါတယ်။
Reported By: Maung Htay
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်