ဖေဖေါ်ဝါရီလ ၁၂ ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းတွင် မြန်မာစစ်တပ်နဲ့ AA အကြား အပြန်အ လှန်တိုက်ပွဲ ဖြစ်ပွားနေ ရာ ရိုဟင်ဂျာ ကားမောင်းသမားတစ်ဦးကို စစ်တပ်က လူသားဒိုင်း အဖြစ်သုံးခဲ့လို့AA မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးနဲ့ ထိတွေ့ပေါက်ကွဲပြီး ပွဲချင်းသေဆုံးခဲ့ ကြောင်း သိရပါတယ်။
မောင်တောမြို့မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာရဲ့ ဒေါ်စောခင်လှ (၅၀ နှစ်) က ကြိမ်းချောင်းကျေးရွာ အထက်ပိုင်းမှ သစ်သားတွေ သယ်ဆောင်လာဖို့ ငန်းချောင်းကျေး ရွာအုပ်စု၊ တောင်ရွာမှ အာရ်ဂျီးသ်(ဘ)ဦး အေရ်ရှာသ်ဟူးဆောင် (၂၅ နှစ်) ကို ဖေဖော်ဝါရီလ (၇) မှာ ၎င်း ရဲ့Liffan ကားနဲ့ ငှါးခဲ့ပါတယ်။
၎င်းတို့ နှစ်ဦးဟာ မြန်မာစစ်တပ်နဲ့ AA အကြားတိုက်ပွဲဖြစ်နေတဲ့နေရာကို ကားမောင်း သွားနေစဉ် စစ်တပ်က ၎င်းတို့အား သစ်သား တင်ဆောင်လာခွင့်မပြုဘဲ ဒရိုက်ဘာနဲ့ ကားကိုပါ ချောဆွဲပြီး စစ်တပ်လူနာတွေကို တင်ပေးလိုက်ပြီးနောက် ၎င်းကို မောင်တော မြို့သို့ ပြန်ပို့လိုက်ရာ ဖားဝပ်ချောင်း(ဖော့ခါလီး) ရှားတ်ခါးန် နားရွာတွင် ည ၁၁ နာရီ ၁၅ မိနစ်မှာ AA မှ တပ်ဆင်ထားတဲ့ မိုင်းထိလို့ မျက်နှာတဘက်ခြမ်း မီးလောင် ခံခဲ့ပြီး ခြေထောက်တဘက်လည်းပြတ်ခံခဲ့ကာ ပွဲချင်းသေဆုံးခဲ့ကြောင်း ဆွေမျိုးတစ်ဦးက ပြောပါတယ်။
ရိုဟင်ဂျာဒရိုက်ဘာရဲ့အလောင်းကို လမ်းဘေးတစ်နေရာတွင်ချထား ခဲ့ရာမှ ဇန်နဝါရီလ ၈ ရက်၊ နံနက် (၁၀နာရီ) တွင်ငန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့ကြောင်း၊ ကား ငှားခဲ့တဲ့ အမျိုးသမီး ဒေါ်စော ခင်လှ လည်း ဒရိုက်ဘာနဲ့အတူရှိလို့ ၎င်းလည်း မိုင်းထိပြီး သေဆုံးခဲ့ကြောင်း အဆိုပါ ဆွေမျိုးက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေအစား အရပ်သားတွေကိုတိုက်ပွဲဖြစ်ပွားရာ နေရာတွင် လူသားဒိုင်း အဖြစ်သုံးစွဲပြီး သတ်ဖြတ်နေခြင်းဟာ လူအခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်နေခြင်းဖြစ်ကြောင်း ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဒေသခံတစ်ဦးက “ကျွန်တောတို့မှာ စိုးရိမ် ထိတ်လန့်မှုနဲ့ နေရတယ်၊၊ ဒီလူငယ်ကိုစစ် တပ်ကပေါ်တာဆွဲလို့ အသတ်ခံရတာဖြစ်တယ်၊၊ သူရဲ့မိသားစုကို နစ်နာကြေးပေးသင့် သလို၊ ကားအတွက် လည်းလျော် ကြေးပေး သင့်တယ်။ ပြီးတော့ ရခိုင့်တပ်တော်လည်း အရပ်သားတွေ အသက်မဆုံးရှုံးရအောင် တိုက်ပွဲဝင် တိုက်ဖို့လို အပ်တယ်” လို့ပြောဆို ပါတယ်။
အခု စစ်တပ်နဲ့ AA အကြားအခင်းဖြစ်ပွားတဲ့ နေရာမှာ၂၀၁၇ ခုနစ်မြန်မာစစ်တပ်ရဲ့ နယ့်မြေရှင်း လင်းရေးလုပ် ဆောင်ခဲ့မှုကြောင့် ရိုဟင်ဂျာကျေးရွဦသူ/သားတွေ တဘက်ဘဂ်လားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားရလို့ ရခိုင်ရွာ တစ်ရွာသာကျန်ရှိနေကြောင်း သိရပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ဖေဖော်ဝါရီလ (၈) ရက်မှစပြီး မောင်တော-ကြိမ်ချောင်းကား လမ်းကို ပိတ်ပင်းတား သလို၊ တစ်ရွာမှတစ်ရွာသို့သွားလာခွင့်လည်း ပိတ်ပင် ကန့်သတ် တားနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်