ဖေဖေါ်ဝါရီလ ၀၇ ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ၊ ရွာမအရှေ့ဘက်တွင် ဒီနေ့မှာ ရိုဟင်ဂျာအိ်မ တစ်လုံး တွင် မတော်တဆမီးလောင်မှုဖြစ်ပွားတာကို ဒေသခံ အာဏာပိုင်တွေအား အချိန်မီကြောင်းကြားခဲ့ပေမဲ့ ၎င်းတို့က အဲဒီမီးလောင်မှုကို မငြိမ်း သတ်ဘဲ အိမ်ပိုင်ရှင်ကို ဖမ်းဆီးနှိပ်စက်ဖို့ အခုထိလိုက်ရှာနေကြောင်း သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ(၇) ရက်၊ နေလည် (၁ နာရီ ၂၀ မိနစ်)တွင် ကြက်ရိုးပြင် (ကီးယားရီးဖာရင်း)ကျေးရွာ၊ ရွာမ အရှေ့ဘက်တွင်နေတိုင်တဲ့ မူဟာမတ်တာဟဲရ်(ဘ) ဆွေယောတ်ဟူဆောင်း(၂၆ နှစ်)ရဲ့ နေအိမ်မှာ မတော်တဆ မီးစတင်လောင်ကျွမ်းခဲ့ရာ ရွာသားတွေက သက်ဆိုင်ရာစခန်းတွေမှာ အကြောင်းကြားခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ရေမျက်တောင်နယ်ခြားစောင့်ရဲစခန်း၊ နခခ-၂ နယ်ခြားစောင့်ရဲစခန်း၊ ငန်ချောင်း နယ်ခြား စောင့်ရဲစခန်းမှ ရဲတွေ ရောက်ရှိလာခဲ့ပြီး ၎င်းတို့က အချိန်မိမီးငြိမ်းသက်ရန် မကြိုးစားဘဲ အိုးအိမ်မဲ့ဖြစ်လာတဲ့ အိမ်ရှင်ကို ဖမ်းဆီး ရန်ကြိုးစားနေကြသလို၊ ၎င်းရဲ့မိ သားစုဝင်တွေကိုလည်း ဖမ်းဆီးနှိပ်စက်ဖို့ လိုက်ရှာနေကြောင်း ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဖျက်ဆီးခဲ့တဲ့ အိမ်ဟာ ဓနိမိုး၊ဝါးထရံကာဖြင့်ဆောက်လုပ်ထား တာဖြစ်ပြီး မိနစ်(၃၀)အတွင်း တစ်အိမ်လုံး လောင်ကျွမ်းဖျက်ဆီးယိုယွင်းပြီဖြစ်ကြောင်း၊ အိမ်ပိုင်ရှင် မူဟာမတ်တာဟဲရ်ဟာ ကျားဘမ်းလုပ်ကိုင် သူတစ်ဦးဖြစ်ပြီး အလွန်ဆင်းရဲ ချို့တဲ့သူလည်း ဖြစ်ကြောင်း သိရပါတယ်။
အခုကျတော့ မြန်မာအစိုးရမှ ၎င်းရဲ့မိသားစုကို လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ မဲ့အစား ၎င်းတို့အားဖမ်းဆီးဖို့ ကြိုးစားနေခြင်းဟာ အင်မတန် စက်ဆုတ်ဖွယ်ဖြစ် ကြောင်း ဒေသခံတွေက ပြောပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်