ဖေဖေါ်ဝါရီလ ၅ ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်အုပ်စု ဆင်သေပြင်ကျေးရွာမှာ AA အဖွဲ့ ဝင်တွေက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ၁၀ နှစ်အရွယ် ရိုဟင်ဂျာကောင်မလေးတစ်ဦးကို မဒိမ်းကျင့်သတ်ဖြတ်တဲ့အမှုကို ဖုံးကွယ်နိုင်ဖို့ သက်သေ ဖြစ်တဲ့ ရိုဟင်ဂျာ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှိပ်စက်နေကြောင်း သိရပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ တောင်တန်းပေါ်ရှိ ဇီးသီး ပင်မှ ဇီးသီးခူးစားရန်သွား ရောက်ခဲ့တဲ့ အသက် ၁၀နှစ်အရွယ် ဇိုက်နိုးကားဘီဘီကို အနီး တဝိုက်ရှိ AA စခန်းမှ အဖွဲ့ဝင် ၂ ဦးက အဓ္ဓမပြုကျင့်ပြီး ပစ်သတ်ခဲ့ကြောင်း ဆွေမျိုးတစ်ဦး က ပြောပါတယ်။
အဲဒီလို မုဒိမ်းမှုဖြစ်ပွားတဲ့နေရာမှ AA အဖွဲ့ဝင်တွေရဲ့ ဦးထုပ်၊အရက်ပုလင်းနဲ့ အခြားခိုင်မာ တဲ့အထောက်အထားတွေကို တွေ့မြင်ရတဲ့ ဆင်သေပြင်ရွာမှ ကောင်မလေး ၂ ဦးအပါ အ ဝင် ရိုဟင်ဂျာ ၆ ဦးကို AA က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ အားသက်သေမဖြစ်ဖို့ အမျိုးမျိုးခြိမ်းခြောက်ပြီး နှိပ်စက်နေကြောင်းအဆိုပါဆွေမျိုးက ပြောဆိုပါတယ်။
AA အဖွဲ့မှဖမ်းဆီးနှိပ်စက်နေသူတွေမှာ-အဒူရှူကူရ်(ဘ) ဆော်ယဒ်ကာဆိမ်း (၄၀ နှစ်) နဲ့ ၎င်းရဲ့ ၈ နှစ်အရွယ်သမီး နုရ်ဟာဆီနာ၊ ရှာဟီဒူလ္လာ(ဘ) အဒုလ်ဟာမိတ် (၃၅ နှစ်) နဲ့ ၎င်းရဲ့ (၆) နှစ်အရွယ်သမီးတစ်ဦး၊ မော်နိုရာ(ဘ) ဂျော်မိလ် ဟူဆောင်း(၅၈) နှစ်နဲ့ အဒူ ဆော်လာမ်(ဘ) အဒူဇော်လိလ် (၆၀)နှစ် တို့ဖြစ်ကြောင်း သိရပါတယ်။
အခုလို AA က လူမျိုးရေးနဲ့ ဘာသာရေးအရခွဲခြားပြီး နှိပ်စက်ဖို့ ဖမ်းဆီးထားတဲ့ ရိုဟင် ဂျာတွေထဲမှ တစ်ဦးတစ် ယောက်တောင် လွှတ်လာတာမရှိကြောင်း သိရပါတယ်။
AA အဖွဲ့ဟာ ရိုဟင်ဂျာတွေကို အကြမ်းဖက်နည်းလမ်းဖြင့် လူမျိုးတုံးသတ်ဖြတ်မှု မလုပ် ဆောင်ဘဲ ၎င်းတို့က ရံဖန်ရံခါ ဖြစ်စဉ်တစ်ခုခုဖန်တီးပြီး ရိုဟင်ဂျာ မွတ်ဆလင်တွေကို ပစ်မှတ်ထားကာ ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ခြင်းဖြင့် လူမျိုး တုံးသတ်ဖြတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် AA က တစ်လတစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် အစည်းအဝေးနဲ့ ဘော်လုံး ပွဲတွေ ကျင်းပပြီး ရိုဟင်ဂျာ တွေကို မျက်လှည့်ပြကာ ရိုဟင်ဂျာ အချင်းချင်းတောင်မှ သွေး ကွဲစေပြီး ရန်တိုက်ပေးနေကြောင်း ဒေသခံတွေက ထပ်ပြောပါတယ်။
Reported By: ArakanGo
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဇ်