ဇန္နဝါရီလ ၃၁ ၊၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် AA က ကိုဗစ် ၁၉ ကြောင့် အလုပ်အကိုင်မဲ့ဖြစ်ပြီး ပြည်ပမှပြန်ဝင်လာတဲ့ ရိုဟင်ဂျာ တွေကို ငွေကျပ်သိန်း၂၀ စီပေးသွင်းဖို့ ခြိမ်းခြောက်ပြီး လိုက်လံရှာဖွေနေကြောင်းသိရပါတယ်။
မင်းပြားမြို့နယ်မှ မလေးရှားနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့သွားရောက်တဲ့ ရိုဟင်ဂျာတွေဟာ ကိုဗစ် ၁၉ ကြောင့် လောခ် ဒေါင့်ချထားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်လို့ အရင်က အလုပ် လုပ်ကိုင်ပြီး စုစည်းထားတဲ့ငွေတွေနဲ့ ထိုင်စားနေရလို့ အဲဒီငွေလည်း ကုန်ဆုံးခဲ့ကြောင်း ပြည်ပမှဝင်လာတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
အခု၂၀၂၂ခုနှစ်အစတွင်လည်း မလေးရှားတွင် ပြန်လည် လောခ်ဒေါင့်ချထားတဲ့အတွက် အလုပ်သမားများ အလုပ်လက် မဲ့ဖြစ်ကာ စားဝတ်နေရေးအခက်အခဲဖြစ်နေလို့ မလေး ရှားနိုင်ငံအစိုးရရဲ့အကူအညီဖြင့် ဆွေမျိုး၊ မိဘနဲ့ သားသမီး ရှိရာ အရပ်ဖြစ်တဲ့ မိခင်နိုင်ငံ မြန်မာပြည် မွေးရာဒေသ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဇန္နိုဝါရီလ လဆန်းပိုင်းမှ ယခုအထိ ရိုဟင်ဂျာ ၁၈ ဦးထိထိရောက်ရှိလာပါတယ်။
အခု ပြည်တွင်းဝင်လာတဲ့ ရိုဟင်ဂျာတွေကို AA တပ်ဖွဲ့ဝင်တွေက ဆင့်ခေါ်ပြီး စစ်ဆေးမေး မြန်းတဲ့အပြင် အထက် အမိန်းအရဟုဆိုပြီး ၎င်းရိုဟင်ဂျာတွေမှ တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ ထိထိ အတင်းအကျပ် တောင်းခံနေကြောင်း အဆိုပါ ရိုဟင်ဂျာက ဆိုပါတယ်။
ဒါပေမဲ့ အဲဒီရိုဟင်ဂျာတွေက “ကျွန်တော်တို့ ငွေရှာပြီးဝင်လာတာမဟုတ်၊ အခက်အခဲကြုံ တွေ့နေရလို့ ပြန်လာရ ကြောင်း” ကို AAအဖွဲ့အားအသာနားခံပြီး ရှင်းပြပြောဆိုပေမဲ့ ၎င်း တို့က လုံးဝဂရုမစိုက်ဘဲ တောင်းခံတဲ့အတိုင်း ငွေပေးကိုပေးရမယ်လို့ ခြိမ်းခြောက်ပြော ဆိုနေကြောင်း၊ အခု သိန်း ၁၀ တစ်ခါတည်းပေးသွင်းရမယ်ဖြစ်ပြီး နောက်မှာ ၅ သိန်းစီ အရစ်ကျသွင်းရမယ်လို့ ပြောဆိုခဲ့ကြောင်း အဆိုပါ ရိုဟင်ဂျာက ထပ်ပြောပါတယ်။
ပြည်ပမှဝင်လာတဲ့ ရိုဟင်ဂျာတွေဟာ AA ရဲ့တောင်းဆိုချက်ကို မဖြည့်ဆည်းနိုင်တဲ့အပြင် မိသားစုတွေလည်း ကိုယ့်နိုင် ငံတွင်းမှာ ဒုက္ခသည်ဘဝကိုဖြတ်သန်းနေထိုင်ရတဲ့အတွက် ၎င်းတို့ဟာ NGO တွေက စွန့်ကြဲနေတဲ့ စားသောက် ကုန် တွေကိုသာစားသုံး နေရကြောင်း၊ AA အဖွဲ့ကိုလည်းငွေမပေးနိုင်လို့ အဲဒီအဖွဲ့က ခဏခဏ ဆင့်ခေါ်နေတဲ့အပြင် လိုက်လံရှာ ဖွေနေကြောင်းကိုလည်း ရွာသားတွေက စိတ်မကောင်းစွာဖြင့် ပြောဆိုပါတယ်။
အခု ရခိုင်ပြည်နယ်မှာ AA အဖွဲ့ဟာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ပြန်လည်အရှိန် မြှင့်ရာတွင် ကြီးမားတဲ့ အခန်း ကဏ္ဍမှ ပါဝင်နေပါတယ်။
Reported By: ArakanGo
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဇ်