ဇန္နဝါရီလ ၂၉ ၊၂၀၂၂
ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်းဒေသမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လဝကမှ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ် ဖြတ်ရေး မူလပေါ်လစီဖြစ်တဲ့ “ဆွဲ၊တင်၊စစ်”တွင် ပါဝင်ခွင့်ရဖို့ ကျားခေါင်း တောင်ကျေးရွာ အုပ်ချုပ်ရေး မှူးက တရား ရုံးမှ အသက်မပြည့်လို့ ထောင်ဒဏ်မပေးနိုင်ဘဲ လွှတ်ပေးခဲ့ရတဲ့ ရိုဟင်ဂျာအပျို ၂ ဦးမှ စုစုပေါင်းငွေ ၃ သိန်း၅ သောင်း ညှစ်ခဲ့ကြောင်းသိရပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာအာဏာပိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာမွတ်ဆလင်တွေဟာ ပြည်ပနိုင်ငံသို့ ခဏခဏ ထွက်ပြေးနေသလို မောင်တော မြို့မြောက်ပိုင်း ကျားခေါင်တောင်ကျေးရွာမှ ဆူဖိုက်ယာ ဘေဂေါမ်(ဘ) ချော်ဖိခ်အာမတ် နဲ့ ဖာတေမာခါတူ(ဘ) ဆွေတာနူတို့နှစ်ဦးလည်း အခြားလူတွေနဲ့အတူ မလေးရှား နိုင်ငံသို့ ထွက်ပြေးရန် စက်လှေဖြင့် ခရီးစတင်ခဲ့ကြောင်း။
ကံမကောင်းစွာနဲ့ပဲ မြန်မာအာဏာပိုင်တွေက ၎င်းတို့အားလုံးကို ဖမ်းဆီးပြီး ပြစ်ဒဏ်ပေးဖို့ မောင်တောမြို့နယ်တရားရုံး တင်ခဲ့ရာ အဆိုပါ အပျို ၂ ဦးဟာ အသက်မပြည့်သေးလို့ ဒီဇင်ဘာလ(၁၅) ရက်တွင်လွှတ်မြှောက်ပြီး ၎င်းတိုရဲ့ မူလဇာ တိရွာတွင် ဆွေမျိုးတွေနဲ့ အတူနေထိုင်လျက်ရှိပါတယ်။
ဒီနှစ် ဇန်နဝါရီလတွင် ၎င်းတို့ နှစ်ဦးက ဆွဲ၊တင်၊စစ် စစ်ဆေး ခံယူနိုင်ဖို့ ကျားခေါင်း တောင်ကျေးရွာ အုပ်ချုပ်ရေး မှူးဖြစ်သူ ကာမာလ်ဟူးဆောင်းနဲ့ သွားရောက်တွေ့ဆုံရာ တွင် ၎င်းက မတရားသဖြင့် အကျပ်ကိုင်ပြီး ဆူဖိုက်ယာ ဘေဂေါမ်မှငွေ ၂ သိန်းကျပ်၊ ဖာတေမာခါတူမှငွေ ၁ သိန်း ၅ သောင်းကျပ် ညှစ်ခဲ့သည်။
ငွေညှစ်ခံရတဲ့အပျို ၂ ဦးရဲ့ မိဘတွေဟာ တဘက်ဘဂ်လားဒေရှ့်နိုင်ငံဒုက္ခသည်စခန်းတွင် ရှိလို့ ၎င်းတို့ဟာ အားကိုးရာမဲ့ ဖြစ်နေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ သနားညှာ ထာမှုကင်းမဲ့ပြီး စာနာမှုတရားကင်းပါးသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းကရပ်ရွာအကျိုးကို သယ်ပို့နိုင်ခြင်းမရှိသလို၊ နယ်ခြားစောင့်ရဲအရာရှိများနဲ့ပူးပေါင်းပြီး ရွာသားတွေရဲ့ နေအိမ် ခြံဝင်းအတွင်းမှ သစ်ပင်တွေကိုခုတ်လှဲကာ ကိုယ့်ကျိုးအတွက် ရောင်းစားနေသူတစ်ဦး လည်းဖြစ်ကြောင်း ရွာသား တွေက ဆိုပါတယ်။
Reported By: Kyaw Swa Min
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်