ဇန္နဝါရီလ ၂၆ ၊၂၀၂၂
ရခိုင်ပြည်နယ် ၊မောင်တောမြို့မြောက်ပိုင်းသရက်အိုး(မင်္ဂလာဖာရာ)ကျေးရွာရှိရခိုင်ရွာ မှာ တည်ရှိတဲ့နယ်ခြား စောင့်ရဲ ကင်းစခန်းမှာရှိတဲ့ရဲ ၁၅ ဉီးဟာ ညပိုင်းတွင် လမ်းသွားလမ်း လာ ရိုဟင်ဂျာတွေကို စော်ကားထိုးနှက်ပြီး ငွေညှစ်နေ ကြောင်း သိရပါတယ်။
ဇန်နဝါရီလ၂၀ ရက်၊ ည ၈ နာရီခွဲ အချိန်တွင်သရက်အိုးကျေးရွာ၊ခူးနားရွာနေ အာမိရ်ဟူး ဆောင်း(ဘ)အာလီဟူဆောင်း (၁၇နှစ်)နဲ့ ဟာဖိစ်- ဂျောန်နာသ်အူလ္လာ(ဘ)ရှားအလောမ် (၁၁နှစ်) တို့ဟာ တောင်ရွာ မာဒူလာဗလီကြီးရဲ့ ဂျောလ်ဆာ (အလှူပွဲ)မှနေအိမ်သို့ ပြန်လာ နေစဉ် လမ်းတစ်ဝက်တွင် သရက်အိုး ရခိုင်ရွာအခြေစိုက် နယ်ခြားစောင့်ရဲကင်းစခန်းမှ ဒုရဲ အုပ်နဲ့ အခြားရဲလေးဦးတို့က တွေ့ခဲ့ရာ အဲဒီရိုဟင်ဂျာလူငယ်တွေကို ခြေထောက်ဖြင့်ကန် ခြင်း၊ ပါးရိုက်ခြင်း၊လက်သီးထိုးခြင်းအစရှိတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်၍ ငွေညှစ်ပြီးမှ လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဉီးက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလပထမအပတ်၊ တစ်နေ့ ည ၉ နာရီကျော်အချိန်တွင်၎င်းကျေးရွာ၊ခူးနားရွာသူ မုဆိုးမ-ဇာရှုး(၄၅နှစ်) ဟာ ၎င်းရဲ့ ခြံစည်းရိုးထဲတွင်အလုပ်လုပ်နေစဉ် အဲဒီရဲတွေဟာ မုဆိုး မရဲ့ နေအိမ်တွင်း စီးနင်းဝင်ရောက်ပြီး ၎င်းရဲ့သား ကိုလည်းလူမဆန်စွာရိုက်နှက်ခဲ့ ကြောင်း အဆိုပါဒေသခံက ဆိုပါတယ်။
ရိုဟင်ဂျာလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “ ဒီနယ်ခြားစောင့်ရဲတွေက လူမျိုးနဲ့ဘာ သာရေးအရခွဲခြားပြီး ရိုဟင်ဂျာ တွေကို ညှဉ်းပန်းနှိပ်စက်နေတာ။ ပုဒ်မ-၁၄၄ ထုတ်တာ ကည ၁၀ နာရီမှ နံနက် ၅ နာရီထိဖြစ်တယ်။ အခုသူတို့က ၉ နာရီတောင် မထိုးခင် လမ်း သွားလမ်းလာသူတွေကို ထိုးနှက်ပြီး ငွေညှစ်တာဟာ ဥပဒေမဲ့ နိုင်ငံဖြစ်လို့လား။ ဒါမှ မဟုတ် ရင် တရားဥပဒေအထက်မှာ သူတို့ရှိနေတဲ့သဘောလား” လို့ ပြောဆိုပါတယ်။
မြန်မာအာဏာပိုင်တွေရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဟာ တကမ္ဘာလုံးက ဖွင့်ဖွင့် လင်းလင်းသိရှိပေမဲ့ သက်ဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းတွေမှ အခုထိ ထိရောက်စွာ အရေး မယူတဲ့အတွက် ၎င်းတို့က အဲဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့ သတ်ဖြတ်မှကို ဆက်လက် ကျူးလွန်တာပါ။
Reported By: Maung Htay
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်