Press "Enter" to skip to content

မြန်မာအာဏာပိုင်တစ်ချို့က ရိုဟင်ဂျာတွေကို လူသားတောင် မထင်၊ ဆိုးဆိုးရွားရွားဆဲ ဆိုနေ

ဇန္နဝါရီလ ၁၇ ၊၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဒေသခံ အာဏာပိုင်တစ်ချို့က လမ်းသွားလမ်းလာ ရိုဟင်ဂျာသက်ကြီး ရွယ်အိုတွေ ကိုတောင် လူသားလိုလို မထင်သလို ဘာသာရေးနဲ့ လူမျိုး ရေးအရ အနိုင်ကျင့်ပြီး ဆိုးဆိုးရွားရွားဆဲဆိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မောင်တောမြို့တွင်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်တစ် ခုရှိခဲ့လို့ အဲဒီခရီးစဉ် မစခင် မောင်တောမြို့ပေါ်လမ်းမတလျှောက်ရှိ ဆိုင်တွေ ရှေ့မှာ ပစ္စည်းတွေမထားရေး၊ အမှိုက်တွေမစွန့်ပစ်ရေး၊ ဆိုင်ရဲ့ မျက်နှက်စာတွင် MPT၊ Telenor နဲ့ တခြားဖုန်း Simcard ဆိုင်းဘုတ်ပိုစတာတွေ ကိုဖြုတ်သိမ်းရေးနဲ့ ဆိုင်တွေရဲ့ ရှေ့မှာ နေပူအကာအဖြစ်ရှိတဲ့ သက္ကယ်မိုးတွေ ဖြုတ်ချရေးတွေကို မြို့မ စည်ပင်သာယာ ရေးအ ဖွဲ့က ဦးဆောင် လုပ်ဆောင်နေခဲ့ရာ ၎င်းအဖွဲ့ရဲ့မြို့ပေါ်အမှိုက်ကောက်ခံ‌ရေးဝန်ထမ်း  ‌ဦးကျော်ကျော်သန်းဟာ ရိုဟင်ဂျာဆိုင်သည်တွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပြီး ဆက်ဆံခဲ့ ကြောင်း။

ဦးကျော်ကျော်သန်းဟာ သူ့ ထက်အသက်ကြီးသူတွေကိုပါ “မင်း”နဲ့ “ငါ” သုံးပြီးဆက်ဆံ ခဲ့ကြောင်း၊ သူကနိုင်ငံတော် အစိုးရရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပေမဲ့ သိက္ခာ၊သမာဓိနဲ့ ပြည်စုံသူ မဟုတ်ကြောင်း၊ သူ့ရဲ့ပြောဆိုဆက်ဆံပုံဟာ တရာဝင်လိုင် စင်ရလူမိုက်တစ်ဦးလိုဖြစ်နေ ကြောင်း ဒေသခံတွေက‌ ပြောဆိုပါတယ်။

မြို့ခံတစ်ဦးက “သူကစည်ပင်သာယာရေးအဖွဲ့ရဲ့အောက်တန်းစားဝန်ထမ်းတစ်ဦးဖြစ် တယ်၊၊ လူတွေနဲ့ အမြဲထိတွေ့နေ သူတစ်ဦးလည်းဖြစ်တယ်၊၊ သူကရိုဟင်ဂျာတွေ နဲ့ဆက် ဆံတာမှာအရမ်းကို ရိုင်းစိုင်းကြမ်းတမ်းတယ်။ ရိုဟင်ဂျာတွေ ကိုလူသားတောင် မတင်ဘူး။ သူ့ကိုအထက်အရာရှိတွေရော မိဘတွေကပါဆုံးမမှုမရှိတာလား” လို့ ဆိုပါ တယ်။

မောင်တောမြို့မစည်ပင်သာယာဈေးကြီးရဲ့အနောက်ဘက်မှာတည်ရှိတဲ့မင်းဘကြီးလမ်း မှာ လူ့အသွားအလာကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ မြို့မ ရဲစ ခန်းမှရဲတွေက ပိတ်ပင်ကန့်သတ်ခဲ့တာကို မသိတဲ့  ရိုဟင်ဂျာ လူအိုကြီးတချို့က အဲဒီ လမ်းကနေ လမ်းလျှောက်လာခဲ့လို့ တာဝန်ကျ ရဲသားတစ်ဦးက “မင်းဂလိုး ကုလား” တောင်သုံးပြီး ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုမောင်းထုတ်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

 Reported By: Kyaw Swa Min

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.