ဇန္နဝါရီလ ၁၀ ၊၂၀၂၂
ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်းကြက်ရိုးပြင်(ကီးယာရီးဖာရာ)ကျေးရွာအုပ်စု၊ရွာမအလယ်ရွာမှ ကွယ်လွန်သူ ဦးရှေုာမ်ရှုလ်ဟူးဒါရဲ့ သားဆယ်တန်းကျောင်းသား မူဟာမတ် အာနော်စ်(၁၇နှစ်)ကို AA အဖွဲ့ဝင်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၊ နေ့လည် ၃:၀၀ နာရီခွဲလောက်တွင် ပြန်ပေးဆွဲခဲ့ကြောင်း အိမ်နီးချင်းတစ်ဦးက Rvision ကိုပြော ပါတယ်။
ပြန်ပေးဆွဲခံရသူ မူဟာမတ် အာနော်စ် ဟာ မျောတောင်အထကခွဲကျောင်းတွင် ကျောင်း တက်နေသောကျောင်းသား တစ်ဦးဖြစ်ကြောင်းသိရပါတယ်။
ဇန်နဝါရီလ ၈ ရက်တွင် မောင်တောမြို့ တောင်ပိုင်းရေမျက်တောင်ကျေးရွာတွင် ဘောလုံး ပွဲကျင်းပခဲ့ကြလို့ ရွာသားတွေ အားလုံး အဲဒီဘောလုံးပွဲကို သွားရောက်ပျော်ရွှင်ကြရင် လည်းအာနောစ်က ကိုယ့်အိမ်တွင် ကျန်ရစ်နေခဲ့ကြောင်း၊၊
နေ့လည် ၃:၀၀ နာရီခွဲလောက်တွင် အမည်မသိအရပ်ဝတ်နဲ့ ရခိုင်စကားပြော ရခိုင်သား ခုနစ်ဦးဟာ၎င်းရဲ့ နေအိမ်သို့ နေ့လည် မှန်လုံကားတစ်စီးနဲ့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ၎င်းအားပါးရိုက်ခဲ့သလို၊ လက်သီး ထိုးခဲ့ကြလို့ ၎င်းရဲ့မိခင် က အပြစ်မဲ့သားကို လွတ်ပေးဖို့ တောင်းပန်ခဲ့ပေမဲ့ AA အဖွဲ့ ဝင် တွေက ၎င်းကို အတင်းအဓမ္မ ဆွဲထုတ်ကာ ကားပေါ် တင်လိုက်ခဲ့ကြပြီး မောင်းနှင်းပြန် သွားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆိုပါတယ်။
အဲဒီရိုဟင်ဂျာကျောင်းသားကို ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေ သာမန် ရခိုင်သား လိုလိုဟန်ဆောင်ပြီး ၎င်းကိုပြန်ပေးဆွဲခဲ့ကြဖို့ လာခဲ့ တာ ဖြစ်ကြောင်း မျက်မြင်ရွာသားတွေက ပြောပါတယ်။
ရိုဟင်ဂျာလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “ကျောင်းတက်နေတဲ့လူငယ်တစ်ယောက် ကို ဖမ်းတာ ဘာအပြစ်ရှိလို့လဲ။ ဒါက AA ရဲ့ယုတ်မာမှုတစ်ခုပဲ။ ရိုဟင်ဂျာလူငယ်တွေရဲ့ ပညာရေးဆုံးရှုံးဖို့ တမင်တကာလုပ်တာပေါ့။ AA ကရိုဟင်ဂျာ တွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ခံသားအခွင့်အရေးကို အသိအမှတ်ပြုတယ်လို့ ကမ္ဘာကို နုတ်နဲ့ပြောနေတယ်။ စိတ်ထဲမှာ တော့ ကျွန်တော်တို့ ကို နှိမ်နင်းဖို့ ကြံစည်နေတာဟာ ပေါ်လွင်နေတယ်လို့” ဆိုပါ တယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ မြို့ဦးချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဒိလ်မူဟာ မတ်ကိုလည်း AA က မဟုတ် မမှန် အကြာင်းပြပြီး မောင်နှမကျေးရွာမှ ပြန်ပေးဆွဲခဲ့ကြောင်း၊ ဒါ့အပြင် ရွှေဇားကျေးရွာမှ ဦးအာလောမ်ကို AA က ရသေ့တောင်မြို့သို့ဖမ်းဆီးခေါ် ဆောင်ပြီး နှစ်လကြာကြာထိန်းသိမ်းထားပြီးမှပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်