ဇန္နဝါရီလ ၀၉၊ ၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutopalong မြောက်ဘက်ရှိ Shafiullah Kata ဒုက္ခသည်စခန်းတွင် ယနေ့မွန်းလွဲပိုင်းမှစတင်၍ မီးလောင်မှုဖြစ်ပွားနေလို့ ဒုက္ခသည်စခန်း တစ်တန်းကျော် မီးလောင်ပြာကျခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဒုက္ခသည်တွေက သဘာဝကပ်ဘေးကာလတွင် အသက်ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေ လုံလုံလောက်လောက် ရရှိခြင်းမရှိလို့ Basan Char သို့ မသွားတဲ့အတွက် Block A, Shafiullah Kata စခန်းတွင် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒုက္ခသည်တချို့က ပြောပါတယ်။
“CIC (Camp-in-Charge) ရုံးနောက်က ဒုက္ခသည်စခန်းမီးလောင်နေတဲ့နေရာမှာ သွားရောက် ကူညီဖို့ စခန်းအာ ဏာပိုင်တွေက ကျွန်တော်တို့အား ခွင့်မပြုပါဘူး” လို့ မျက်ရည်ကျနေတဲ့ ဒုက္ခသည်တဦးက ဆိုပါတယ်။
“အခင်းဖြစ်နေရာကို သွားနိုင်ရင် မီးကို ငြှိမ်းသတ်နိုင်မယ်။ စခန်းအာဏာပိုင်တွေက မြန်မာလုံခြုံရေးတပ်တွေရဲ့ နည်းပညာကိုသုံးပြီး စခန်းရှိ ဒုက္ခသည်တွေကို အန္တရာယ်ရှိတဲ့ ကျွန်းမှာ ပြောင်းရွှေ့နိုင်ဖို့ ဒုက္ခသည်စခန်းတွေမှာ မီးစတင်ရှို့နေတာပါ” လို့ မီးလောင်ရာနေရာသို့ သွားရောက်ရန် ကြိုးစားစဉ် ဒုက္ခသည်တစ်ဦးက ဆိုပါတယ်။
အခုထိထိ မီးလောင်မှုဖြစ်ပွားနေလို့ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Reported By: Staff Correspondent
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်