ဇန္နဝါရီလ ၀၄ ၊၂၀၂၂
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းထောက်သုံးဦးက Zoom အသုံးပြုပြီး AA အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်နဲ့ အင်တာဗျူးလုပ်ခဲ့ရာတွင် သူက ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးကို အသိအမှတ်ပြုတယ်လို့ ပြောဆိုပေမဲ့ ဘူးသီးတောင်မြို့နယ်တွင် သူ့အဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေကို တစ် နေ့ထက်တစ်နေ့ ပိုပြီး ဖမ်းဆီးညှဉ်းပမ်းနှိပ်စက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်(သောကြာနေ့)တွင် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာ အုပ်စု ဖိုးခေါင်ချောင်းကျေး ရွာနေ ဥက္ကဌဟောင်း ဦးအီဒီရီစ်(ဘ) ဦးအီစ္စမိုင်လ် (၃၉) နှစ်ဟာ ဘူးသီးတောင်မြို့ သို့လာနေစဉ် သပိတ်တောင်မှ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောပါ တယ်။
အဲဒီ ဥက္ကဌဟောင်းဟာ နာမည်ကျော်ကြားတဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျေး ရွာအထောက်အကူပြု ကော်မတီနဲ့ AA ရဲ့ကော်မတီဝင်တစ်ဦးဖြစ်ပေမဲ့ ရိုဟင်ဂျာ တစ် ဦးဖြစ်လို့ AA ကအနိုင်ကျင့်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း အဆိုပါ မျက်မြင်သက်သေက ဆိုပါတယ်။
ဒါ့အပြင် AA က ဖိုးခေါင်းချောင်းရွာတာဝန်ခံ ဦးဟူဆောင်းကိုလည်း ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်နေတာ တစ်ပတ် လောက်ကြာသွားပြီဖြစ်ကြောင်း သိရပါတယ်။
AA ရဲ့ မတရားဖမ်းဆီးနှိပ်စက်နေမှုကြောင့် ရိုဟင်ဂျာကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးကော်မတီ ဝင်တွေ နှင့်ပညာတတ်သူ၊ငွေကြေးဥစ္စာရှိသူတွေမှာ ဘူးသီးတောင် မြို့တွင် ယာယီခိုလှုံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
AA ရဲ့ မိတ်ဆွေဟန်ဆောင်မှုနဲ့ပတ်သက်ပြီး ဒေသခံရိုဟင်ဂျာတချို့က “AA က မွတ်ဆ လင်၊ရခိုင်နဲ့ မျိုးနွယ်စုများ ချစ်ကြည်ရေး ဘော လုံးပွဲကျင်းပတယ်။ ပြီးတော့ ရိုင်ဟင်ဂျာ တွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို အသိအမှတ်ပြုတယ်လို့ ပြောပြောပြီး တော့ မီဒီတွေမှာ အင်တာဗျူးပေးတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ သူ့အ ပြောနဲ့ဆန့်ကျင်တဲ့ အပြုအမူတွေ ကြုံနေရတာပါ” လို့ စိတ်ငယ်ပြီးပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “AA က ရိုဟင်ဂျာလူကြီးတွေ၊ ပညာတတ် တွေကို လိုက်လိုက်ပြီး တော့ ဖမ်းတာတွေ၊ နှိပ်စက်တာတွေ ပိုများတယ်။ AA ခေါင်းဆောင် က အရမ်းလိမ္မာတယ်နော့်။ သူက မီဒီယာ တွေကို ရိုင်ဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို အသိအမှတ်ပြုတယ်လို့ လိမ်ညာပြောပြီးတော့ ကျနော်တို့ မွတ်ဆလင်တွေကို ချေမှုန်းဖို့ ကြံစည်နေတာပါ” လို့ ဆိုပါတယ်။
အခုအချိန်မှာ ရိုဟင်ဂျာတွေက AA ရဲ့နိုင်ငံရေးအကွက်သုံးနေမှုကို စဉ်းစားလို့မရဖြစ်နေ တဲ့အပြင် AA အပေါ်ယုံ ကြည်မှုလည်း ဖြည်းဖြည်း ဖျောက်နေကြောင်း၊ ရိုဟင်ဂျာ ရပ်ရွာ လူကြီးတွေကို ပစ်မှတ်ထားဖမ်းဆီးနေမှု အပေါ် မကျေနပ်ဖြစ်ကာ ၎င်းတို့ရဲ့ မိသားစုတွေနဲ့ ရွာသားတွေ မခံမရပ်နိုင်ပြီးတုံးပြန်လာရင်တော့ ရခိုင်-ရိုဟင်ဂျာ ပဠိပက္ခ ပြန်ဖြစ်လာနိုင် တဲ့အတွက် ရပ်လူကြီးတွေနဲ့ ပညာတတ်လူငယ်တွေက စိုးရိမ်ပူပန်နေကြောင်း သိရပါတယ်။
တကယ်တော့ ရခိုင်-ရိုဟင်ဂျာ ပဠိပက္ခ ပြန်ဖြစ်လာရင် AA နဲ့ ရခိုင်လူမျိုးရဲ့ လျှို့ဝှက်ကြံ စည်မှု အကောင်အထည် ဖေါ်လာပြီး လက်နက်မဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို လွယ်လွယ် နဲ့ ရှင်းနိုင်မှာကို ဖော်ဖော်ထင်ထင်မြင်တွေ့နေ ရပါတယ်။
Reported By: ArakanGo
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်